အခန်း-၉၄(သံသယ)

3.1K 510 6
                                    

Scroll down for Zawgyi.

Unicode

နောက်​တစ်​နေ့။စုန့်ရှီလင် ၊ ​ပေါ်ယွီနဲ့ ဖရဲသီး​လေးတို့ဟာ အနီးအနားရှိ ချစ်သူ့​ရေကန်သို့ သွားလည်ရန် ပြင်ဆင်​နေကြသည်။

​ဟိုတယ်အ​ပေါက်၀က​နေ ထွက်ထွက်ချင်း ​ပေါ်ယွီက သူ့အိတ်ကပ်ကို ဟိုစမ်းဒီစမ်း စမ်းကာ အ​လောတကြီး ဆိုလိုက်သည်။
" ငါ့ဖုန်း အခန်းထဲ ကျန်ခဲ့တယ်။ ခဏ​စောင့်​နေဦး​နော် "

" ပါးပါး ၊ သား ပါးပါးကို ဒီက​စောင့်​နေမယ် . . . "
ဖရဲသီး​လေးက ပြုံးပြုံး​လေး တာ့တာပြလိုက်သည်။

တစ်​နေရာ၌ အကြာကြီး ပုန်း​နေခဲ့တဲ့ ရယ်ဟွမ်က ထိုမြင်ကွင်းကို မြင်​သောအခါ အံကြိတ်လိုက်၏။သူက ဖုန်းပြန်သွားယူ​သော ​ပေါ်ယွီရဲ့ပုံရိပ်အား မျက်​တောက်မခတ် စိုက်ကြည့်​နေသည်။ရယ်ဟွမ် ဟွန့်ခနဲ နှာမှုတ်လိုက်သည်။

ဒီတ​​လော သူ ​ရှေး​ခေတ်တီဗွီဇာတ်လမ်းတွဲတစ်ခုတွင် တွဲဖက်သရုပ်​ဆောင်အဖြစ် ရိုက်ကူး​နေသည်။​ပေါ်ယွီက ရုပ်ရှင်အဖွဲ့သား​တွေနှင့်အတူ ရိုက်ကူး​ရေးအတွက် ဒီမြို့ ​ရောက်​နေ​ကြောင်း သူတို့ရိုက်ကွင်း၀န်ထမ်းတချို့ ​ပြောကြတာကို ပထမ နားစွန်နားဖျားကြားရစဉ် ရယ်ဟွမ် ​စိတ်ထဲ ဘယ့်နှယ့်မှမ​နေ။သို့တိုင် စုန့်ရှီလင်က ​ပေါ်ယွီ့ကို ​နေ့တိုင်း ရိုက်ကွင်းလာ​စောင့်​ပေး​နေတယ်ဆိုတာပါ သိရ​တော့ ရယ်ဟွမ် ဂနာမငြိမ်နိုင်​တော့​ပေ။

စုန့်ရှီလင်က ဘယ်လိုလုပ် ​ပေါ်ယွီ့အ​ပေါ် ဒီ​လောက်​တောင် ​ကောင်း​ပေး​နေရတာလဲ ???!!!

ရယ်ဟွမ် နက်နက်ရှိုင်းရှိုင်း စဉ်းစားခဲ့သည်။ထို့​နောက် သူ ​ပေါ်ယွီ၏ သရုပ်မှန်ကို ထုတ်​ဖော်ရန် ဆုံးဖြတ်လိုက်သည်။
​​ပေါ်ယွီက ​လှေနံနှစ်ဖက်နင်း​နေတဲ့​ကောင်ပဲ !!!

သူက သူတစ်ပါး၏ အ​မြှောင်အ​ပျော်မယားလည်း မဖြစ်ချင်သလို အခွင့်အ​လမ်း​ရရန် သူတို့ခန္ဓာကိုယ်အား ​ရောင်းစား​နေကြ​သော စတား​တွေကိုလည်း မရှုတ်ချ။သို့​သော် သူ ​ပေါ်ယွီ့ကို မုန်းတီးသည်။
အဲဒါ​ကြောင့် စုန့်ရှီလင်​ရှေ့မှာ ​ပေါ်ယွီရဲ့မျက်နှာအစစ်ကို ဆွဲခွာပြရမယ် !!!

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now