အခန်း-၃၉(သတိ​ပေးခြင်း)

6.4K 1.3K 17
                                    

Scroll down for Zawgyi.

Unicode

​ရှောင်ကျန်းက သူ့ဖုန်းတစ်လုံးနဲ့အတူ ​ချောင်တစ်​ချောင်မှာ ငုတ်တုတ်ထိုင်နေသည်။သိပ်မ​ဝေးတဲ့​နေရာမှာ​တော့ ​ပေါ်ယွီနဲ့ချူး၀မ်၀မ်တို့က အတူတူ သရုပ်​​ဆောင်​နေကြသည်​​။​ရှောင်ကျန်းက အားရ​ကျေနပ်စွာနဲ့ ဖုန်းထဲက​နေတစ်ဆင့် ရန်​ဖေးကို သတင်းတွေပို့​နေ​တော့သည်။   " ရန်​ကော , ကျွန်​တော် မြင်လိုက်တယ် ။ ​ပေါ်ယွီက​လေ သူ့​နေရာကို တခြားတစ်​ယောက်နဲ့ အစားထိုးခံလိုက်ရတယ်ဆိုတာကိုလည်းကြာ​ရော သူ့မျက်နှာကြီး မည်း​မှောင်သွားလိုက်တာများ "

ရန်​ဖေးက ​ရေချိုးခန်းထဲက​နေ ​​ထော့နဲ့​ထော့နဲ့လမ်း​လျှောက်ရင်း ထွက်လာ​လေသည်။ရှုပ်ပွ​နေတဲ့ ​ဟိုတယ်အိပ်ရာက​တော့ အခု​လေးတင် ဘာ​တွေဖြစ်ခဲ့သလဲဆိုတာကို သွယ်ဝိုက်ညွှန်ပြလို့​နေသည်။သူ ​ခြေလှမ်းနည်းနည်း​လောက်ပဲ ​လျှောက်ရ​သေးတဲ့အချိန်မှာ ခါးက နာကျင်လာတာ​ကြောင့် ရန်​ဖေး အကူအညီမဲ့စွာနဲ့ ကျိန်ဆဲလိုက်​တော့သည်။

What The Fuck ! ဒီ​စောင်အဘိုးကြီးက အိပ်ရာ​ပေါ်လုပ်တဲ့​နေရာမှာ ညံ့ရုံတင်မကဘူး။ sex toy ​တွေကိုပါ ခဏခဏ သုံး​သေးတယ်။ Fuck ပဲ !!! မျိုးရိုးနာမည် လျို နဲ့ အဘိုးကြီးသာ သူ့ကို ​ပေါ်ယွီ​နေရာမှာ အစားထိုးဖို့ကိစ္စ ကူညီ​ပေးပြီးသွားရင် သူ​တော့ အဲဒီလိုမျိုး ​စောင်အဘိုးကြီးဆီမှာ ထပ်ပြီး အသုံး​တော်ခံဖို့ စိတ်ပါမ​နေဘူး !!!

ဒါ​ပေမယ့်လည်း ​ပေါ်ယွီဆိုတဲ့ အရူးကကို ကံဆိုးတာပါ။ချီယန်ကို သွားရန်စရတယ်လို့။​တော်​တော် ဦး​နှောက်မရှိတာပဲ။

​ရှောင်ကျန်းက ရန်​ဖေးဆီက​နေ ခဏ​လောက်ကြာတဲ့အထိ စကားပြန်မလာတဲ့အခါ သူ အကူအညီမဲ့စွာနဲ့ ​ပြောလိုက်မိသည်။   " ရန်​ကော , ​ကော ဖုန်းနား​ထောင်​နေ​သေးလား ? "

ရန်​ဖေးက အိပ်ရာ​ပေါ်မှာ တက်လှဲလိုက်ပြီး ​အေးစက်စွာ ​လှောင်​ပြောင်ခနဲ့လိုက်သည်။   " ​အော်ဟစ်​နေတာ ​တော်​တော့ ! ငါက မင်း စကား​ပြောတိုင်း ပြန်​ပြော​ပေးရမယ်လို့များ ​တွေး​နေတာလား ? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now