အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)

6.4K 1.1K 37
                                    

Scroll down for Zawgyi.

Unicode

​နောက်တစ်​နေ့တွင်။ဖရဲသီး​လေးက စုန့်ရှီလင်ရဲ့လက်​မောင်း​တွေထဲက​နေပြီး သူ့မျက်လုံး​လေး​တွေကို ဖွင့်လိုက်သည်။မ​နေ့ညက သူဟာ အရမ်းငိုထားခဲ့တာ​ကြောင့် ဖရဲသီး​လေးရဲ့မျက်ခွံ​လေး​တွေက ဒီ​နေ့မနက် အိပ်ရာထတဲ့အခါမှာ ​ဖောင်းမို့​နေသည်။

စုန့်ရှီလင်က မျက်​မှောင်ကြုတ်ကာ ဖုန်းထဲက​နေ အတွင်း​ရေးမှူးချူကို ​ပြောလိုက်သည်။ 
" ဒီမနက် အစည်းအ​​ဝေးကို တစ်နာရီ​လောက် ​ရွေ့ဆိုင်းလိုက် ။ ခဏ​နေရင် ငါ ​ဆေးရုံကို သွားမယ် ။ အဲဒါ​ကြောင့် ​ဆေးရုံက က​လေးဋ္ဌာနကို ဆက်သွယ်ထား "

အတွင်း​ရေးမှူးချူက စုန့်ရှီလင်ကို သူ့မှာ မိသားစုဆရာ၀န်ရှိ​ကြောင်း သတိ​ပေးဖို့လုပ်လိုက်​ပေမဲ့ စုန့်ရှီလင်က က​လေးအထူးကုဆရာ၀န်ဆီ ဆက်သွယ်ဖို့ ​ပြောတာကို ကြားလိုက်တဲ့အခါ အတွင်း​ရေးမှူးချူ တိတ်ဆိတ်​နေလိုက်ရသည်။

စုန့်ရှီလင်က အတွင်း​ရေးမှူးချူကို ညွှန်ကြားကာ ဖုန်းချလိုက်ပြီး ​နောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာ ဖိနပ်မပါဘဲ ဧည့်ခန်းထဲမှာ ​တွေ​တွေ​ငေး​ငေး​လေး မတ်တပ်ရပ်​နေတဲ့ ဖရဲသီး​လေးကို ​တွေ့လိုက်ရသည်။

" ပါးပါး ........ ဦးဦး , သား ​ဆေးရုံကို မသွားချင်ဘူး "

စုန့်ရှီလင်က ဖရဲသီး​လေးကို ကြည့်ပြီး ​ပေါ့​ပေါ့ပါးပါးပဲ ​မေးလိုက်သည်။   " မင်းရဲ့​ခေါင်းက ဘာနဲ့ရိုက်မိထားတာလဲ ? "

ဖရဲသီး​လေးက ​တောင့်တင်းသွားပြီး သူ့မျက်လုံး​လေး​တွေထဲက မျက်ရည်​တွေဟာ လိမ့်ဆင်းကျလာ​တော့သည်။

စုန့်ရှီလင်က ဖရဲသီး​လေးကို ဆက်မ​မေး​တော့​ချေ။   " စားပွဲ​ပေါ်က မနက်စာကို စားလိုက် ။ ပြီးရင် ငါ မင်းကို ​ဆေးရုံလိုက်ပို့​ပေးမယ် "

" သား ပါးပါးကို ရှာချင်တယ် "  ဖရဲသီး​လေးက အမြဲတမ်း အဲဒီအ​ကြောင်းကို စဉ်းစား​နေတာဖြစ်သည်။သူ ​ပေါ်ယွီနဲ့ မ​တွေ့ရတာ ​လေးငါးရက်​လောက်ရှိ​နေပြီဖြစ်သည်။ဒါ​ကြောင့် သူ့ရဲ့၀မ်းနည်းမှု​တွေနဲ့ မ​ကျေနပ်ချက်​တွေဟာ နှစ်သိမ့်​ပေးဖို့ လိုအပ်​နေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now