အခန်း-၈၃(သတိ​ပေးချက်)

4.7K 820 28
                                    

Scroll down for Zawgyi.

Unicode

နောက်ထပ်သုံးနာရီအကြာတွင် Breaking Up Challenge ရိုက်ကူး​ရေး ပြီးဆုံးခဲ့သည်။​ပေါ်ယွီက အိပ်​ပျော်​နေတဲ့ ဖရဲသီး​လေးနဲ့အတူ အ၀တ်လဲခန်းဆီ ​လျှောက်သွားလိုက်ပြီး သူ့ရဲ့ လက်​ထောက်အသစ်​လေးနှစ်ဦးအား အပြင်ထွက်​နေရန် ​စေခိုင်းလိုက်သည်။

ခဏတစ်ဖြုတ်ကြ​သော် မိတ်ကပ်ဖျက်​နေတဲ့ ​ပေါ်ယွီဟာ တံခါးကို ဂရုမစိုက်စွာ တွန်းဖွင့်၍ အ၀တ်လဲခန်းအတွင်းသို့ ၀င်ချလာ​သော စုန့်ရှီလင်အား ​တွေ့လိုက်ရ​လေသည်။

" . . . . . . မင်း ဒီကို ဘယ်လိုလုပ် ​ရောက်လာတာလဲ ??? " ​​ပေါ်ယွီ အံ့အားသင့်သွားကာ မိတ်ကပ်များကို ခပ်သွက်သွက် ဖျက်ပစ်လိုက်၏။ထို့​နောက် သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်​မောကျ​နေတဲ့ ဖရဲသီး​လေးကို သူ့လက်​မောင်း​တွေထဲ၌ စုန့်ရှီလင်ဆီ ​ပွေ့သယ်သွားပြီး ​ပြောလိုက်သည်။ " က​လေးကို ကားထဲ ​ခေါ်သွား​ပေးပါ။ ငါ ထွက်လာလို့ မရ​သေးဘူး။ ငါ ပြန်မယ့်အ​ကြောင်း လင်းရီတို့ကို ​ပြောရဦးမယ် "

" . . . . . . . . . " စုန့်ရှီလင်ကမူ ​ပေါ်ယွီ့လက်​မောင်းထဲမှ ဖရဲသီး​လေးအား လွှဲ​ပြောင်းယူလျက် ချာခနဲ လှည့်ထွက်သွားသည်။သူ့ရဲ့မျက်နှာထားကလည်း အရမ်းကို မည်း​မှောင်​နေသည်။စုန့်ရှီလင်ဟာ ဘာစကားတစ်ခွန်းမျှ မဆို​ချေ။

စုန့်ရှီလင် စိတ်ဆိုး​နေတယ်ဆိုတာကို ​ပေါ်ယွီ အတပ်သိ​သော်လည်း စုန့်ရှီလင်အား နှစ်သိမ့်​ချော့​မော့ရန် ​ပေါ်ယွီတွင် အချိန်မရှိ​သေး​ပေ။စုန့်ရှီလင်ထွက်သွားအပြီး ​နောက်သုံးမိနစ်ခန့်အကြာ၌ mask နှင့် အနက်​ရောင်ကိုင်းမျက်မှန်တို့ကို ၀တ်ဆင်ထားတဲ့ ​ပေါ်ယွီကလည်း အ၀တ်လဲခန်းထဲက​နေ ထွက်လာခဲ့သည်။

​မျှော်လင့်မထားစွာပင် ​ပေါ်ယွီ အ၀တ်လဲခန်းတံခါးကို ဖွင့်ကာ အပြင်​ရောက်,​ရောက်ချင်းမှာပဲ သူ့အား စိတ်မရှည်သည့် မျက်နှာထားဖြင့် ခက်ထန်စွာ စိုက်ကြည့်​နေ​သော ရယ်ဟွမ်ကို မြင်လိုက်​လေသည်။​ပေါ်ယွီ ​ခြေလှမ်းများကို ရပ်တန့်လိုက်၏။သူ ​အေးစက်စွာ ​မေးလိုက်သည်။ " ဘာကိစ္စလဲ ??? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now