အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)

4.5K 679 18
                                    

Scroll down for Zawgyi.

Unicode

Weibo marketing acc တစ်ခုဖြစ်​သော 'ချစ်မှု​ရေးရာ အထူးသတင်း' မှ စတင်လိုက်သည့် ထိုအတင်းအဖျင်း ​ကောလဟာလများကို လူတိုင်းလူတိုင်းက အားတက်သ​ရော တက်တက်ကြွကြွ အကြိတ်အနယ် ​ဆွေး​နွေး​နေကြ​တော့သည်။​ပေါ်ယွီနှင့်စုန့်ရှီလင်နှစ်​ယောက်သားဟာ ချစ်သူ​တွေဟုတ်၏ ၊ မဟုတ်၏ကို ၎င်းတို့ အလွန်တရာ မင်္သကာဖြစ်​နေကြသည်။

သို့သော် အနှီအမျိုးသားနှစ်ဦးက Weibo ၌ အချင်းချင်း အပြန်အလှန် follow လုပ်ထားကြတဲ့အပြင် သူတို့ကိုယ်တိုင်ရဲ့ ဓါတ်ပုံများကိုလည်း post တင်​​လေ့ရှိကြတဲ့အခါ ဤအတင်းအဖျင်းက ချက်ချင်းလက်ငင်း တိမ်နှယ်​လေနှယ် ​ပျောက်ကွယ်သွားသည်။

ဒါက ​လောကဓမ္မာတာသာ။အကယ်၍ မင်းက တစ်စုံတစ်ခုကို ဇွတ်​တွေရှင်းပြပြီး အတင်းကာ​ရော ဖုံးကွယ်ဖို့ ကြိုးစား​​လေ​​လေ အဲဒီအ​ခြေအ​နေက ပိုအဖတ်ဆယ်မရ​လေ​လေဖြစ်၏။

ဖီလာအားဖြင့် ​ပေါ်ယွီနဲ့စုန့်ရှီလင်တို့က သူတို့ရဲ့ မိတ်​ဆွေဆက်ဆံ​ရေးကို ​ပေါ်တင် အသိ​ပေးချပြလိုက်ပါမူ အင်တာနက်အသုံးပြုသူ​တွေကလည်း ဘာမှအတင်းတုပ်စရာမရှိဟု ​အောက့်​မေ့ကာ ၎င်းကိစ္စကို ​မေ့​လျော့သွားကြလိမ့်မည်။

စုန့်ရှီလင်ကလည်း အဲဒီအ​နေအထားကို လိုချင်​နေတာ။

တကယ်တမ်း စုန့်ရှီလင်က Weibo acc ​လေးတစ်ခုကို အလုပ်အရှုပ်ခံ မှတ်ပုံတင်​နေရန်မလိုအပ်။သို့တိုင် ​ပေါ်ယွီ၏ ရိုက်ကွင်း​တွေဆီ ​ပြောင်​ပြောင်တင်းတင်း သွားလည်နိုင်​ရေးနှင့် အနာဂတ်တစ်ချိန်၌ ​ပေါ်ယွီက သူ့ရဲ့ပိုင်ဆိုင်မှုဖြစ်​ကြောင်း​ ​ရှော​ရှောရှူရှူ ​ကြေညာနိုင်ရန်အလို့ငှာ စုန့်ရှီလင် သူ ဤကဲ့သို့ ပြုလုပ်ရမည်။

အိမ်တွင် တစ်ညလုံး ဒီကိစ္စအ​​ပေါ် စိတ်​သောက​ရောက်​နေရတဲ့ လီကျဲခမျာ အ​ခြေအ​နေ​တွေ ​ပြေ​လျော့လာသည်ကို မြင်မှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။

အမှန်တရားက ဘာကြီးဖြစ်​နေဖြစ်​နေ အ​ကြောင်းမဟုတ်။ပစ္စုပ္ပန်၌ အနည်းဆုံး​တော့ အရာအားလုံးက ​ကောင်းမွန်သည့် အ​ခြေအ​နေသို့ ဦးတည်​နေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now