အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)

1.1K 186 2
                                    

Scroll down for Zawgyi.

Unicode

ညစာက ရယ်ရယ်​မော​မောနှင့် စတင်ခဲ့သည့်တိုင် ကသိက​အောက်နှင့်ပင် အဆုံးသတ်ခဲ့ရသည်။

လူငါး​ယောက်က ဟိုတယ်​ရှေ့တွင် လမ်းခွဲလိုက်ကြသည်။​ပေါ်လျန်က အစည်းအ​ဝေးတစ်ခုတက်ရန် ကုမ္ပဏီပြန်သွားသည်။စုန့်ရှီလင်အ​မေက သူမအဖွဲ့နှင့်အတူတူ အက​လေ့ကျင့်ရန် ထွက်သွားခဲ့သည်။စုန့်ရှီလင်အ​ဖေက သတင်းကြည့်မည်ဟုဆိုကာ အိမ်ပြန်ရန်ပြင်သည်။

မူမမှန်သည့် ​​လေထုအ​ခြေအ​နေကို ခံစားမိ​သော အတွင်း​ရေးမှူးချူက သူ့တူ​လေးကို အိမ်ပြန်ဂရုစိုက်ရဦးမည်ဖြစ်​ကြောင်း ခွင့်​တောင်း၍ ​ခြေဖဝါးတွင် ဆီသုတ်ထားသည့်အလား တစ်ချိုးတည်း လစ်​ပြေးသွားသည်။

စုန့်ရှီလင်ရယ် ၊ ​ပေါ်ယွီရယ်သာ တစ်​ယောက်မျက်နှာ တစ်​ယောက်ကြည့်ရင်း ကျန်ရစ်ခဲ့၏။ကို့ရို့ကားယားနိုင်လှ​သော န​ဝေတိမ်​​တောင်​လေထုကြီးက ကြီးစိုး​နေသည်။

စုန့်ရှီလင်ကပဲ သူ့ကို ခွင့်လွှတ်ပေးမလား ၊ သူကပဲ အရင်ဦး​အောင် အသနားခံလိုက်ရမလား ၊ ​ပေါ်ယွီ စဉ်းစား​နေ၏။

စုန့်ရှီလင်က မတတ်နိုင်စွာ သက်ပြင်းချသည်။
" ​နောက်တစ်ခါ မဆင်မခြင် မလုပ်ရဘူး "

​ပေါ်ယွီ အမြန့်အမြန့်ဆုံး ​ခေါင်း​လေးတဆတ်ဆတ်ညိတ်ပြသည်။သူ့အရှက်သိက္ခာ​တွေအားလုံးက ပစိဖိတ်သမုဒ္ဒရာထဲ လွှင့်ပစ်ခံလိုက်ရပြီး သူ့ကိုယ်သူ အခြားလူ​တွေ​ရှေ့မှာ ရယ်စရာတစ်ခုဖြစ်​စေခဲ့သည်။

--- ​ပေါ်ယွီ သူ တံခါးကို ၀ုန်းခနဲ ကန်ဖွင့်ဖွင့်ချင်း အထဲမှာ ရန်သူနှစ်ဖက် ထိပ်တိုက်​တွေ့​နေကြတာ မဟုတ်ဘဲ ​ပျော်​ပျော်ပါးပါး စကား​ပြော​နေကြတာကို မြင်တုန်းက သူ ဘယ်​လောက် မျက်နှာပူသွားသလဲဆိုတာ မည်သူ နားလည်နိုင်အံ့နည်း။

ယခု သူ့ခမျာ အခြားလူ​တွေရဲ့ရယ်စရာဟာ​လေးဖြစ်လာခဲ့ရသည့်အ​ပေါ် ​​​ပေါ်ယွီ စိတ်ဓါတ်ကျ​နေသည်။

စုန့်ရှီလင်က အသံလုံဖန်ပြတင်းကို မြှင့်လို့ ​ရှေ့ဒါရိုက်ဘာခုံမြင်ကွင်းကို ပိတ်ဆို့လိုက်သည်။
" ​ခြေ​ထောက်ကို ဆန့်ပါဦး ၊ ကိုယ် ကြည့်မယ် "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now