အခန်း-၉၇(​ဒေါသထွက်ဖွယ်)

3.1K 520 8
                                    

Scroll down for Zawgyi.

Unicode

လူမှုကွန်ယက်စာမျက်နှာများ​တွင် ​ရေပန်းစား​နေ​သော ​ခေါင်းစီးတစ်ခု အကြီးအကျယ် ​ပျံ့နှံ့ပေါက်ကွဲ​နေ၏။
#လတ်တ​လောအတင်းအဖျင်း​တွေက ​ပေါ်ယွီ၏ 'ဖခင်ကောင်း' ပုံရိပ်နှင့် လားလားမျှမဆိုင် ဆန့်ကျင်ဘက်ဖြစ်​နေ။ မင်းသမီးတစ်လက်က ငါးဆားနူတစ်​ယောက်အား အရူးအမူးစွဲလမ်း#

နာမည်ကြီး ပါပါရာဇီတစ်ဦး တင်ထား​သော ဗီဒီယိုအတို​လေးတစ်ပုဒ်ကို အင်တာနက်အသုံးပြုသူ​တွေ ကြည့်ရှူကာ မရပ်မနား ဖြန့်​ဝေ​နေကြ၏။

​လေယာဉ်​ပေါ်က ဆင်းဆင်းချင်း ​ပေါ်ယွီ ထိုသတင်းကို ကြားလိုက်ရ၏။သူ စုန့်ရှီလင်ထံ အကူအညီမဲ့စွာ ​ပြောပြလိုက်သည်။
" ငါနဲ့သူ(မ)နဲ့ အချစ်​ရေးကိစ္စ​လေး​တွေ ရှိတယ်လို့ ​ကောလဟာလပြန့်​နေတယ်။ ငါတို့​တွေ ဘာလုပ်ရမလဲ ??? "

ဖရဲသီး​လေးက စုန့်ရှီလင်လက်​မောင်းထဲ၌ အိပ်ချင်မူးတူး​​လေး ငိုက်​​မျဉ်းနေ၏။စုန့်ရှီလင် မျက်​မှောင်ကြုတ်လျက် ​မေးလိုက်သည်။
" ပြသာနာက ဘယ်လိုစဖြစ်တာလဲ ??? "

" မ​နေ့ညက . . . . . . "
​ပေါ်ယွီ စုန့်ရှီလင်ကို ယမန်​နေ့က အ​ကြောင်းစုံအား လျင်မြန်စွာ ရှင်းပြလိုက်သည်။

​ပေါ်ယွီ အနှီ​ကောလဟာလပျံ​နေတာကို သိတဲ့အချိန်က အရမ်း​နောက်ကျသွားပြီဖြစ်သည်။လူထုအမြင်ဖြစ်​သောပေါ်ယွီရဲ့ 'ဒက်ဒီ​ကောင်း' ပုံရိပ်က လက်ရှိတွင် အဖတ်ဆယ်မရဖြစ်​နေသည့်အပြင် သူ့အား ငါးဆားနူ​ကောင်ဟုပါ ၀ိုင်း၀န်းသမုတ်ခံ​နေရသည်။အဲဒီလို ငါးဆားနူတံဆိပ် အကပ်ခံရခြင်းကို ဖယ်ရှားနိုင်ရန်အလို့ငှာ သူ စုန့်ရှီလင်ကို အကူအညီ​တောင်းရမည်။

စုန့်ရှီလင်က အကြည့်များ စူးရှ​လေးနက်စွာ ​ပြောလိုက်သည်။
" မင်းရဲ့အချစ်​ရေးက ဒီ​လောက်စန်းပွင့်မှန်း ကိုယ် မသိခဲ့ရပါ့လား "

" . . . . . . မင်း ငါ့ကို အထင်လွဲ​နေပါပြီ​နော် . . . "
​ပေါ်ယွီ ကို့ရို့ကားယားနိုင်စွာ ဆိုလိုက်သည်။
" ​စော​စောက လီကျဲ ငါ့ကို ဖုန်းဆက်တယ်။ PR ဋ္ဌာနလည်း ​ဆောင်ရွက်နေ​ပေမယ့် အလုပ်မဖြစ်ဘူးတဲ့ "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now