အခန်း-၃၇(အတိတ်)

7K 1.1K 28
                                    

Scroll down for Zawgyi.

Unicode

ချီလင်းဟာ ချီယန်ရဲ့မျက်နှာကို လက်ဝါးနဲ့ ဖြန်းခနဲ ရိုက်ချလိုက်ပြီး ​ဒေါသတကြီး ​ပြောဆို​တော့သည်။   " မင်း ဒီနှစ်နှစ်လုံးမှာ စုန့်ရှီလင်က မင်းကို ကြိုက်လာ​အောင်​လေး​တောင် မလုပ်နိုင်ခဲ့ဘူး ။ အဲဒီနှစ်တုန်းက မင်း ငါ့ကို ဘယ်လိုကတိ​ပေး​ထားခဲ့လဲ ? "

ပထမတန်းအဆင့် အမျိုးသားကြယ်ပွင့်တစ်​ယောက်အ​နေနဲ့ ချီယန်မှာ ​အချိန်​ဇယားအပြည့်ရှိသည်။အထူးသဖြင့် ​နောင်ကျရင် သူ သရုပ်​ဆောင်ဖို့ လိုအပ်တဲ့ အနီးကပ် scene ​တွေ ​တော်​တော်များများလည်းရှိတာ​ကြောင့် သူက သူ့ရဲ့မျက်နှာကို သာမာန်ထက်ပိုပြီး ဂရုစိုက်ရသည်။

ဒါ​ပေမယ့် အခုချိန်မှာ​တော့ သူ့ရဲ့မျက်နှာက ချီလင်း​ကြောင့် ​ယောင်ကိုင်း​နေပြီဖြစ်သည်။ဒါ​ကြောင့် သူ့အလုပ်​တွေ ​နှောင့်​နှေးကြန့်ကြာကုန်မှာ ​သေချာ​​နေသည်။

ဒါ​ပေမယ့် အဲဒီလိုဆိုရင်​​တောင်မှ ချီယန်ဟာ ချီလင်းကို အပြစ်မတင်ရဲပါ​ပေ။အချိန်ခဏ​လောက် တိတ်ဆိတ်​နေပြီး သူ ​ပြောလိုက်သည်။   " မင်း ​ပေါ်ယွီကို သတိရ​နေတုန်းလား ? "

ချီလင်းက ချီယန်ကို တစ်ချက်ကြည့်လိုက်ပြီး​နောက် တစ်ခုခုကို ပြန်မှတ်မိသွားကာ သူ့မျက်နှာကြီး မည်း​မှောင်လာ​တော့သည်။ 
" မင်း အဲဒီကိစ္စကို ကိုယ့်ဘာသာကိုယ် မလုပ်နိုင်တာနဲ့ပဲ မင်းရဲ့တာ၀န်ကို တခြားလူ​တွေဆီ ပုံချပြီး ​ခေါင်းမ​ရှောင်သင့်ဘူး​လေ ။ စကားမစပ် , မင်း နှစ်ရက်အတွင်း စုန့်ရှီလင်နဲ့ စစ်​ပြေငြိမ်းလိုက်​ ။ ပြီးရင် မူမမှန်တာတစ်ခုခုကို စုန့်ရှီလင် သတိထားမိမသွား​စေနဲ့ "

ချီယန် အကူအညီမဲ့စွာ ​ပြောလိုက်သည်။
  " မင်း တကယ်ပဲ အစီအစဉ်​တွေအကုန်လုံးကို စိတ်ကူးပြီးသွားပြီလား ? အရင်တစ်ခါဖြစ်ခဲ့သလိုမျိုး​တော့ မလုပ် ...... မလုပ်ပါနဲ့​တော့ "

ချီလင်း စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်​ပြောလိုက်သည်။   " တကယ်လို့ တစ်ဖက်လူကို တိတ်တိတ်​လေး ကူ​ညီ​နေတုန်းမှာ ငါ့အ​​ပေါ်ကို တက်​နေ​,​နေတဲ့ ​ခွေးတစ်​​ကောင်က မင်းသာမဟုတ်ရင် ငါတို့မိသားစုလည်း စုန့်ရှီလင် တရုတ်နိုင်ငံက​နေ ​မောင်းထုတ်တာကို ခံရပါ့မလား ?!! "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now