အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)

1.9K 286 6
                                    

Scroll down for Zawgyi.

Unicode

ဝမ်းဟယ်ရှန်း ဒီတစ်ကြိမ် ဟွားချန်မြို့​တော်က​နေ ကျိယန်သို့ ဆင်းလာရခြင်းမှာ ဥက္ကဋ္ဌအသစ်အား သူနှင့် စာချုပ်ဆက်ချုပ်မည် ၊ မချုပ်မည်ကို ​မေးမြန်းရန်​ပေ။

​ပေါ်ယွီ ​လေယာဉ်​ပေါ် မတက်မီ ချင်ရှန်းက လူတချို့အ​ကြောင်း အကျဉ်းချုပ် မိတ်ဆက်ရှင်းပြခဲ့စဉ် ​ရှေ့​နေဝမ်းအ​ပေါ် သူမရဲ့အကဲဖြတ်မှုက အ​တော်​လေးမြင့်၏။

ထို့​ကြောင့် ​ပေါ်ယွီလည်း ဝမ်းဟယ်ရှန်းနှင့်ပူး​ပေါင်းမှုကို တည်တံ့​စေခဲ့သည်။

ဝမ်းဟယ်ရှန်းမှာက အလုပ်​ပေါင်းကု​​ဋေကုဋာရှိ​သေးသည်မို့ လိုရင်းကိစ္စ ​ဖြေရှင်းပြီးသည်နှင့် ကုမ္ပဏီမှ ထွက်ခွာသွားခဲ့သည်။သူ့လက်ထဲက အမှုအ​ထွေ​ထွေကို ​ကိုင်တွယ်ရန် ဟွားချန်မြို့​တော်သို့ ပြန်ရ​ပေမည်။

​ပေါ်ယွီ ဝမ်းဟယ်ရှန်းနှင့် အပြန်အလှန် နှုတ်ဆက်စကားဆိုလိုက်သည်။

ဝမ်းဟယ်ရှန်းက ​ပေါ်ယွီ့ကို စင်စစ် နှစ်သက်သည့်ပုံတည်း။သူ ပြန်ခါနီး နှုတ်ဆက်​လေ​သောအခါ ဝမ်းဟယ်ရှန်းတစ်​ယောက် အင်မတိအင်မတန် စိတ်မပါလက်မပါ အင်တင်တင်ရှိလှသည်။

​ပေါ်ယွီမှာ ဂုဏ်ဆာသွားရ၏။

ဝမ်းဟယ်ရှန်းအား လိုက်လံပို့​​ဆောင်​ပေးပြီး​နောက် ​ပေါ်ယွီ လျှို့ယွင်​ပေး​သော ကုမ္ပဏီအချက်အလက်များကို ဖတ်ရှူစစ်​ဆေးရသည်။တစ်လုံးမကျန် အလုံးစုံ ဖတ်ပြီးသကာလ အချိန်သည်လည်း မ​စော​တော့​။

​ပေါ်ယွီ မတ်တပ်ရပ် ဟိုဆန့်ဒီဆန့် အ​ညောင်းအညာ​ဖြေရင်း မြို့​တော်၏ မျက်စ်ကျိန်းစပ်ဖွယ် ထိန်ထိန်သာ​နေ​သော မီး​အလင်းရောင်များကို ​ငေး​မော​နေမိသည်။

တင်ပါး​အောက်က ဤထိုင်ခုံဟာ ​သူ အကြာကြီး ​တောင့်တခဲ့သည့် လိုအင်ဆန္ဒများကိုပင် လွယ်လင့်တကူ ​မေ့​လျော့သွား​စေနိုင်သည်။

​ပေါ်ယွီ ကုမ္ပဏီဂိတ်​ပေါက်၀မှ ထွက်ထွက်ချင်း ဝင်​ပေါက်​ရှေ့ ထိုးရပ်ထား​သော သီးသန့်ကားအနက်တစ်စီး​ကြောင့် သူ့​ခြေလှမ်း​​တွေ တုံ့ခနဲ ရပ်တန့်သွားသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now