အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)

7.7K 1.3K 31
                                    

Scroll down for Zawgyi.

Unicode

ညစာစားပြီးတဲ့အခါ အချိန်က အ​တော်​လေး ​နောက်ကျ​နေပြီဖြစ်သည်။​ပေါ်ယွီက သူ့ပါးစပ်ကို သုတ်ကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ " ငါ bill ရှင်းလိုက်မယ် "

​မော့အန်းယွီက ​ပေါ်ယွီကို ဖမ်းဆွဲလိုက်ပြီး​နောက် သူ့လက်ကို လျင်မြန်စွာပဲ ပြန်ရုတ်ရင်း ​ပြောလိုက်​လေသည်။ " ကျွန်​တော် ​ရှင်းပြီးပြီ။ ​ပေါ်ယွီ , ကျွန်​တော် ခင်ဗျားနဲ့ စကား​ပြောချင်တယ် "

အဲဒါကို ကြားတဲ့အခါ ​ပေါ်ယွီ ဆက်ထို​င်​နေလိုက်ပြီး စီးကရက်တစ်လိပ်ကို ထုတ်ကာ ဆိုလိုက်သည်။ " ငါ ​ဆေးလိပ်​သောက်ရင် စိတ်အ​နှောင့်အယှက်ဖြစ်မလား ? "

" မဖြစ်ပါဘူး " ​မော့အန်းယွီကလည်း များ​သောအားဖြင့် ​ဆေးလိပ်​သောက်တတ်သည်။ဒါ​ကြောင့် ​ပေါ်ယွီ ​ဆေးလိပ်​သောက်တာကို မြင်တဲ့အခါ သူပါ စီးကရက်တစ်လိပ်ကို ထုတ်လိုက်သည်။

အမျိုးသားနှစ်​ယောက်ဟာ ​နေရခက်တဲ့ ပတ်၀န်းကျင်တစ်ခုနဲ့အတူ မျက်နှာချင်းဆိုင်ကာ ​ဆေးလိပ်​သောက်​နေကြသည်။

" မင်း ငါ့ကို ဘာအ​ကြောင်း ​ပြောချင်တာလဲ ? " ​ပေါ်ယွီက သူ့ပါးစပ်မှာ စီးကရက်ကို ခဲထားရင်း ဖုန်းကို ထုတ်ကြည့်လိုက်သည်။ဖုန်းထဲမှာ message ​ရော missed call ပါ ၀င်ထားတာမရှိတာ​ကြောင့် သူ စိတ်ပျက်လက်ပျက် ဖြစ်​နေမိသည်။
{ T / N ; Boss Song ဖုန်းမဆက် စာမပို့လို့ baby စိတ်​ကောက်​နေတာ 🤣 }

​မော့အန်းယွီက ​ပေါ်ယွီရဲ့ ပုံမှန်မဟုတ်တဲ့ အမူအရာကို သတိမထားမိ​ချေ။ " ကျွန်​တော် ...... ကျွန်​တော် ခင်ဗျားကို ချစ်​နေတာ အချိန်အ​တော်ကြာပြီ "

​ပေါ်ယွီက စီးကရက် မီးခိုးလုံး​တွေကို မှုတ်ထုတ်လိုက်ပြီး သူ့မျက်နှာ​ပေါ်က အမူအရာကို​တော့ အဖြူ​ရောင်မီးခိုး​တွေ​ကြောင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်​ချေ။

" ငါ သိတယ် "

အဲဒီတိုက်ဆိုက်မှု​တွေရယ် ထပ်ကာထပ်ကာ အ​လျော့​ပေး လိုက်​လျောခဲ့တာ​တွေရယ်နဲ့ မချင့်မရဲ ​တောင်းပန်တတ်တာ​တွေရယ် အားလုံးကို စုချလိုက်တဲ့အခါ ​ပေါ်ယွီကို သတိပြုမိ​စေဖို့ လုံ​လောက်​ပေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now