အခန်း-၈၈(စိတ်အားငယ်ခြင်း)

4.6K 761 43
                                    

Scroll down for Zawgyi.

Unicode

စုန့်ရှီလင်အ​မေက သူမ အမှန်တရားကို သိရှိလိုက်ရပြီးချိန်မှာ စိတ်မ​ကောင်းဖြစ်သွားခဲ့သည်။စုန့်ရှီလင်အ​ဖေကလည်း သူမအတွက် စိတ်ပူ​နေခဲ့သည်။

ထို့​ကြောင့် စုန့်ရှီလင်အ​ဖေက ကုမ္ပဏီမှ ​စော​စောစီးစီး အလုပ်ဆင်းကာ သူမနှင့် စကား​ပြော​ပေးရန် စီစဉ်လိုက်၏။သူ ဧည့်ခန်းသို့ ၀င်လာ​သောအခါ သူ ပြန်​ရောက်ပြီဖြစ်​ကြောင်း စုန့်ရှီလင်အ​မေထံ သွားအသိ​ပေး​တော့မည့် ဦး​လေးစုန့်အား လက်ဟန်ဖြင့် တားဆီးလိုက်သည်။   " ထားလိုက်ပါ ၊ သူမကို အနှောင့်အယှက်​ပေးမ​နေပါနဲ့ "

ဦး​လေးစုန့်က ​ဘေးတစ်ဖက်တွင် ရပ်​နေရင်း ဒုတိယထပ်သို့ တက်သွား​သော သခင်ကြီးကို ကြည့်လိုက်သည်။ထို့​နောက် သူက အလုပ်သမားများအား ၎င်းတို့ မသိသင့်တာ တစ်ခုခုကို မ​တော်တဆ​လေး​တောင် ​တွေ့မသွား​စေဖို့ရာ ဒုတိယထပ်ဆီ လုံး၀ မတက်ရန် မှာကြားလိုက်သည်။

စုန့်ရှီလင်အ​မေက အိပ်ခန်းတံခါးကို အနည်းငယ် ဟထားခဲ့မိသည်။စုန့်ရှီလင်အ​ဖေက ထို​​သေချာပိတ်မထား​သော တံခါးကို ဆွဲဖွင့်၍ အခန်းထဲ ၀င်လုဆဲဆဲ၌ ရုတ်တရက် ​ခြေလှမ်း​တွေကို ရပ်တန့်လိုက်၏။သူ တိတ်တိတ်​လေး မတ်တပ်ရပ်ပြီး မသိ​အောင် ​ချောင်းနား​ထောင်​နေလိုက်သည်။

အိပ်ခန်းအတွင်းရှိ စုန့်ရှီလင်အ​မေက သူမကိုယ်သူမ မှန်ထဲကြည့်လျက် ခပ်တည်တည် ​ပြောလိုက်သည်။   " ​ပေါ်ယွီ ၊ အန်တီ အရင် လုပ်ခဲ့တာ​တွေအတွက် ​တောင်းပန်ပါတယ်။ အဟမ်း . . . အန်တီရဲ့သ​ဘောထားကြီးမှုကြီးကို ​ထူးကျေးဇူးတင်​နေဖို့ မလိုပါဘူး။ အန်တီတို့က မိသားစုတစ်ခုတည်းဖြစ်ပြီပဲဟာ . . . . . . "

" ဒါက အန်တီတို့ရဲ့​ချွေးမ​လေးဆီကို လက်ဆင့်ကမ်း​ပေးရမယ့် စုန့်မိသားစုမျိုးရိုးအလိုက် ဆက်ခံလာခဲ့တဲ့ လက်​ကောက်​လေ။ မင်းက ​ယောကျ်ား​လေးတစ်​ယောက်ပေမယ့် စုန့်မိသားစုက မင်းကို ​ချွေးမအဖြစ် အသိအမှတ်ပြုလိုက်ပြီဆို​တော့ကား အန်တီက မင်းဆီ ဒီလက်​ကောက်​လေး​ပေးမယ်။ အိုင်းယား ၊ ဒီလိုလည်း မဟုတ်​သေးပါဘူး။ ဒီလက်​​ကောက်က ဟိုတ​လော​လေးကမှ ​လော​လောလတ်လတ် အသစ်ထွက်ထားတဲ့ ​နောက်ဆုံး​ပေါ် ဒီဇိုင်းကြီး။ တကယ်လို့ ​ပေါ်ယွီက လက်​ကောက်ကို မြင်တာနဲ့ တန်းသိ​နေရင် သိပ်အ​ဆင်မ​ပြေဘူး။ ဒါမှမဟုတ် ငါ နှစ်ရက်အတွင်း ​ရှေး​​ဟောင်းရတနာ​ရောင်းတဲ့ဆိုင်က တခြားပစ္စည်းတစ်ခု​လောက် ၀ယ်လိုက်သင့်လား ??? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now