အခန်း-၂၈(ဂရုစိုက်ခြင်း)

6.2K 1.1K 77
                                    

Scroll down for Zawgyi.

Unicode

​နောက်တစ်​နေ့မနက်တွင် ဖရဲသီး​လေးဟာ အိပ်ရာနိုးလာပြီး အခန်းလွတ်ကြီးထဲကို ဟိုဟိုဒီဒီကြည့်ကာ အိပ်ရာ​ပေါ်က​နေ မြန်မြန် ထလိုက်သည်။အဲဒီ​နောက် သူ အိပ်ခန်းတံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ​တော့ ဧည့်ခန်းအလယ်မှာ မတ်တပ်ရပ်​နေတဲ့ ​​မော့အန်းယွီကို ​တွေ့လိုက်ရပြီး ဖရဲသီး​လေးက မ​ကျေမနပ်အသံ​လေးနဲ့အတူ ​မေးလိုက်သည်။   " ပါးပါး ဘယ်မှာလဲ ? "

" သူက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ် ။ ပြီး​တော့ ငါတို့က အချိန်အကြာကြီး တစ်​ယောက်နဲ့တစ်​ယောက် အတူတူ ​နေသွားရမယ့် သူ​တွေပဲ "   ​မော့အန်းယွီက သူ့ဖုန်းနဲ့ email တစ်​စောင်ပို့ရင်း ​တစ်ချက်မော့မကြည့်ဘဲ ပြန်​ဖြေလိုက်သည်။

ဖရဲသီး​လေးက သူ့ရဲ့နှုတ်ခမ်း​လေး​တွေကို တင်းတင်း​စေ့ကာ သူ့မျက်ရည်​လေး​တွေ ကျမလာ​အောင် အ​ကောင်းဆုံးကြိုးစား​ပေမယ့်လည်း အချည်းနှီးပင်ဖြစ်သည်။သူ ချက်ချင်းပဲ စိတ်ထိခိုက်စွာနဲ့ ငိုလိုက်မိ​လေသည်။

​မော့အန်းယွီက မလှုပ်မယှက်ဘဲ မတ်တပ်ရပ်နေသည်။သူက ဖရဲသီး​လေးကို ​အေးစက်စွာ တစ်ချက်စိုက်ကြည့်လိုက်ပြီး သူ့ဖုန်းကိုပဲ ဆက်ကစား​နေသည်။

​မော့အန်းယွီအတွက်က​တော့ သူ ဖရဲသီး​လေးရဲ့တည်ရှိမှုကို သည်းခံ​ပေးနိုင်တယ်ဆိုတာကတင် အံသြဖွယ်ရာ ဖြစ်ရပ်တစ်ခုဖြစ်သည်။သူ ဖရဲသီး​လေးအတွက် ဘာမှထပ်ပြီး လုပ်မ​ပေးနိုင်​တော့​ချေ။

ဖရဲသီး​လေးက ဆယ်မိနစ်​လောက် ငိုလိုက်ပြီးတဲ့​နောက် သူ တစ်ခုခုကို သတိပြုမိသွားကာ တအင့်အင့်ရှိုက်ငိုရင်း ​ရေချိုးခန်းဆီကို လမ်း​​လျှောက်သွားလိုက်သည်။

​ခွေး​ခြေခုံပု​လေး​ပေါ်မှာ မတ်တပ်ရပ်ကာ ဖရဲသီး​လေးက သွားတိုက်တံ​ကို သူ့ပါးစပ်​လေးထဲ ခက်ခက်ခဲခဲနဲ့ ထည့်လိုက်ရသည်။ဖရဲသီး​လေးက သွားတိုက်​ဆေး မသုံးတတ်သလို လျှပ်စစ်သွားတိုက်တံကိုလည်း ခလုတ်မဖွင့်တတ်ပါ​ပေ။အဲဒီ​နောက် ဖရဲသီး​လေးမှာ သူ့သွား​လေး​တွေကို ပြီးပြီး​ရော တိုက်လိုက်ရ​လေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now