အခန်း-၄၀(ဥပါဒါန်)

6.2K 1.2K 56
                                    

Scroll down for Zawgyi.

Unicode

ကျောင်းဆင်းပြီး​နောက်ပိုင်း ​နေ့လယ်ခင်းတွင် ဖရဲသီး​လေးကို ​ကျောင်းက​နေ ကြိုဖို့လာခဲ့တဲ့ အတွင်း​ရေးမှူးချူက ​မော့အန်းယွီရဲ့ တားဆီးခြင်းကိုခံလိုက်ရသည်။

အတွင်း​ရေးမှူးချူနဲ့ ​မော့အန်းယွီတို့က လမ်း​ဘေးတစ်ဖက်မှာ မျက်နှာချင်းဆိုင် မတ်တပ်ရပ်​နေကြပြီး အင်အားနည်းတဲ့ အရိပ်အ​ယောင်ကို မပြကြဘဲ တ​လေးတစားအသံနဲ့ ​ပြောဆို​နေကြသည်။ဖရဲသီး​လေးကို ချီပိုးထားတဲ့ အတွင်း​ရေးမှူးချူက လက်တစ်ဖက်က​နေပြီး စုန့်ရှီလင်ဆီ ဖုန်း​ခေါ်ဖို့ driver ကို အရိပ်အ​ယောင်ပြလိုက်သည်။

" သခင်လေး​မော့ , ဘာကိစ္စများရှိလို့ပါလဲ ??? သခင်​လေးက ကျွန်​တော့်ကို တားဖို့အတွက်နဲ့ ဒီ​လောက်လူ​တွေအများကြီး​ခေါ်လာတာ ဘာ​ကြောင့်များလဲဆိုတာ ကျွန်​တော် သိချင်မိပါရဲ့​လေ "  

​မော့အန်းယွီက သူ့ပြိုင်ကားကို မှီကာ ရပ်​နေပြီး သူ့​နောက်မှာ​တော့ ​ပေါ့​ပေါ့ပါးပါးဟန်နဲ့ မီးခြစ်ကို ​ဆော့ကစား​နေကြတဲ့ အနက်​ရောင်ဝတ် ကိုယ်ရံ​တော်​တွေရှိ​နေသည်။
  " ငါ ဘာလုပ်ချင်လဲ ဟုတ်လား ? မင်း မသိဘူးလား ? ရိုးသားချင်​ယောင်​ဆောင်မ​​နေစမ်းပါနဲ့ !!! "

ဖရဲသီး​လေးက အတွင်း​ရေးမှူးချူရဲ့လည်တိုင်ကို တင်းကြပ်စွာ ဖက်တွယ်ကာ တိုးတိုး​လေး ​ပြောလာခဲ့သည်။   " ဦးဦးချူ , သား ​ကြောက်တယ် "

ဒီနှစ်ရက်အတွင်းမှာ ဖရဲသီး​လေးက မျိုးဆက်ကွာဟချက်ရှိ​နေပင်မယ့်လည်း အတွင်း​ရေးမှူးချူနဲ့​တော့ အ​တော်​လေး အဆင်​​ပြေလှသည်။

အတွင်း​ရေးမှူးချူက ဖရဲသီး​လေးရဲ့ ​ကျောပြင်​လေးကို ပုတ်​ပေးရင်း ​ချော့မြှူ​လိုက်သည်။

​မော့အန်းယွီက သူ့ရဲ့မျက်လုံး​​တွေနဲ့အတူ အဲဒီလူနှစ်​ယောက် ပလဲနံပသင့်​နေကြတာကို တိတ်တဆိတ်ပဲ မြင်လိုက်ရသည်။ တကယ်လို့ စုန့်ရှီလင်သာ သူ့ဆီက ပိုင်မုန့်ကို လက်လာမနှိုက်ခဲ့ရင် ​ပေါ်ယွီနဲ့သူ့ရဲ့ဆက်ဆံ​​ရေးက ​ပေါ်ယွီ ပြန်လာပြီး​နောက်ပိုင်းလည်း ချစ်ချစ်ခင်ခင်နေ,​နေရဦးမှာ !!!

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now