အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)

2.1K 384 13
                                    

Scroll down for Zawgyi.

Unicode

ပေါ်ယွီ့လက်အစုံက စတီယာတိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။သူ့ရဲ့မျက်ဝန်း​ထောင့်စွန်း​လေး​တွေက ​ဘေးခုံတွင် ထိုင်​နေသည့် စုန့်ရှီလင်ထံ မကြာခဏ ဝဲဝဲသွားလိုက် ၊ စကားစ​ပြောရန် တုံ့သွားလိုက် ဖြစ်​နေ၏။

အ​​နောက်ခုံဝယ် တစ်​ယောက်တည်း ထိုင်​နေရရှာ​သော အတွင်း​ရေးမှူးချူခမျာ အပ်​ချောင်း​တွေပေါ် တက်ထိုင်​နေရသည့်နှယ် ခံစား​နေရသည်။ ကား​မောင်းမယ့်လူက ​ပေါ်ယွီမှန်းသာ သူ ​စော​စောစီးစီး သိခဲ့ရင် ၊ စုန့်ရှီလင်က ​ရှေ့​ဘေးခုံမှာ ထိုင်မယ်မှန်းသာ သူ နည်းနည်းကြိုသိခဲ့ရင် ၊ သူ ဟိုးပ​ဝေသဏီကတည်းက ဟိုတယ်ကို ခရီး​ဆောင်အိတ်ဆွဲပြီး လစ်နှင့်ပါတယ် !!!

အခုအ​​ခြေအ​နေကြီးက တကယ့်ကို ကို့ရို့နဲ့ကားရား။

အတွင်း​ရေးမှူးချူရဲ့အကြည့်​တွေက ကားပြတင်းအပြင်သို့သာ ​ရှေးတူရှူ​နေသည်။သူ ဘာ​တွေ ​တွေး​နေမလဲ မည်သူမျှ စိတ်မဝင်စား။

စုန့်ရှီလင်က ညင်သာစွာ တိုးဖွဖွ ​မေး၏။
" မင်း ဘာ​တွေကြည့်​နေတာလဲ ??? "

ပြတင်း​ပေါက်အပြင်ဘက်က ကားယာဉ်​ကြောရှည်ကြီးကို အသည်းအသန် ​ငေး​နေတဲ့ အတွင်း​ရေးမှူးချူတစ်​ယောက် သူ ထ​ဖြေ​တော့မည့်ဆဲဆဲ ဒါရိုက်ဘာခုံက ပေါ်ယွီရဲ့မဝံ့မရဲ​ဖြေသံ​လေးကို နားနှင့်ဆတ်ဆတ် ကြားလိုက်ရ၏။
" မင်းကို ကြည့်​နေတာ​လေ "

အတွင်း​ရေးမှူးချူမှာ မျက်မှန်ချွတ်၍ ၎င်းကို အင်္ကျီ​ထောင့်စွန်း​လေးနဲ့ ပွတ်သုတ်လိုက်သည်။ ဒီအလုပ်ရှင်နှစ်​ယောက် သူ့ကို ကိုယ်ချင်းစာ​ပေး​နေဖို့ သူကိုယ်၌က မ​မျှော်လင့်သင့်တာပါ။

ဒါ​ပေမယ့် ​ခွေးစာပန်းကန်လုံးအ​မောက်ကြီးပါ ဇွတ်အတင်း အ​ကျွေးခံ​နေရတာက​တော့ နာကျင်ဖွယ်​ကောင်းလှသည်။

စုန့်ရှီလင်ရဲ့​အေးစက်နေကျ မျက်ဝန်း​တွေဟာ နူးညံ့​နေ​သ​ယောင် ၊ သူက စိတ်​ကျေနပ်စွာ ​ခေါင်းတဆတ်ဆတ်ညိတ်၏။
" ကား​မောင်း​နေတုန်း ​လျှောက်ကြည့်မ​နေရဘူး။ ကိုယ်တို့ ပြန်​ရောက်ရင် အဝကြည့် "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now