အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)

1.1K 171 4
                                    

Scroll down for Zawgyi.

Unicode

သုံးရင်အကြာ ၊ နာမည်​ကျော် ဒိတ်ဒိတ်ကျဲကြယ်ပွင့်များဖြင့် ပျားပန်းခတ်​နေ​သော ' <BreakUp> ရုပ်ရှင်ပွဲ​တော်၀ယ် ' ။

ဖိတ်ကြားထား​သော ဂုဏ်သ​ရေရှိ အ​ရေးကြီးဧည့်သည်​တော်များနှင့်တကွ လျှမ်းလျှမ်း​တောက် ထင်ရှား​ကျော်​စောသည့် အနုပညာရှင်များ ကြွ​ရောက်လာကြသည်။ထိုအ​ကောင်ကြီးကြီး ပုဂ္ဂိုလ်​တွေနှင့်စာလျှင် မျိုးဆက်သစ်ဖြစ်တဲ့ ​ပေါ်ယွီက ပွဲ​​တော်အလယ်​လောက်မှာ ​ရောက်လာခဲ့၏။

သို့​​ပေမင့် ............

ဖြူ​ဖွေးသန့်စင်​နေပါ​​သော အဖြူ​ရောင်အ​နောက်တိုင်း၀တ်စုံအား ဆင်မြန်းထားသည့် ​ပေါ်ယွီနှင့် နက်​​စွေး​နေပါသည့် အနက်​ရောင်အ​နောက်တိုင်း၀တ်စုံကို ၀တ်ဆင်ထား​သော စုန့်ရှီလင်တို့ အတူယှဉ်တွဲရပ်လိုက်ကြသည့် အခိုက်အတန့်၌ ​ကော်​ဇောနီလမ်း​​နံ​ဘေးတစ်​လျှောက်က ကင်မရာမီးတဖြတ်ဖြတ်သံ ညံသွားခဲ့သည်။

တိုက်ရိုက် live ထုတ်လွှင့်မှုကို အင်တာနက်မှတစ်ဆင့် ကြည့်ရှူ​နေကြ​သော ပရိသတ်ထုကြီးခမျာလည်း ဟင်ခနဲဟာခနဲ အံ့သြဘနန်းဖြစ်ကုန်ကြသည်။

《 ဘုရား​ရေ ​ဗု​ဒ္ဓေါ !!! ကျုပ်ကို ​ခွေးစာ​တွေ ​ဇွတ်​ကျွေး​​​နေကြတယ် ၊ ဒီအဖြူအနက်အတွဲက မင်္ဂလာပွဲကို ချီတက်ကြ​တော့မယ့်ကိန်းလား​ဟေ့ !!! 》

《 စုံတွဲ Suit !!!!!!!! ချစ်ဖို့​ကောင်းမှုတစ်သိန်းတစ်​​သောင်း​ကြောင့် ငါ့မျက်နှာ​လေး ရှက်​သွေးဖြာ​နေပါပြီ​နော် !!! 》

《 သူတို့နှစ်​ယောက်ရဲ့အရင့်အရင် ဘာဘာညာညာသတင်း​တွေက ​လေဖမ်းဝါးတန်းချည်​ ​လျှောက်ပြောကြတယ်ဆိုရင်​တောင် ဒါကြီးက ​အော်ဖစ်ရှယ်လီးကို အိမ်တိုင်ရာ​ရောက်စနစ်နဲ့ ​ခွေးစာ​ကျွေး​နေတာလို့ ​ပြောပါရ​စေ !!! 》

တစ်ခုရှိသည်က လူတိုင်းဟာ အနှီဟိုး​လေးတ​ကျော်​ကျော် သတင်းကို အသာတကြည် ကြူဖြူကြသည်ရယ် မဟုတ်ရပါ​လေ။

《 ဟားဟား ၊ နာမည်ကြီးဖို့အ​တွက်နဲ့ ​ယောကျ်ားနှစ်​ယောက် ကလူပြ​နေတာကို မင်းတို့​တွေ ​အော်ဂလီမဆန်ကြဘူးလား ??? 》

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now