အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)

6.4K 1.1K 38
                                    

Scroll down for Zawgyi.

Unicode

​မော့အန်းယွီ ​ပြောလိုက်သည်။   " ကျွန်​တော်က စုန့်ရှီလင်ကို သူ မျိုချထားတဲ့ ကျွန်​တော်တို့မိသားစုစည်းစိမ်​တွေအားလုံး ပြန်​ထွေးထုတ်​စေချင်တာ "

​ပေါ်ယွီ ကြားက​နေ ဖြတ်​ပြောလိုက်သည်။ 
" ဒါ​ပေမယ့် အဲဒါ​တွေက ငါလုပ်တာ မ​ဟုတ်ဘူး​လေ "

" ဒါ​ပေမယ့် စုန့်ရှီလင် လုပ်တာ​လေ !!! "   ​မော့အန်းယွီက ထိန်းမနိုင်သိမ်းမရ အလွန်အမင်း ​ဒေါသထွက်စွာ ​ပြောလိုက်သည်။

​မော့ကုမ္ပဏီရဲ့ စ​တော့ရှယ်ယာ​​စျေး​တွေဟာ သိသိသာသာ ထိုးကျသွားခဲ့ပြီး ကုမ္ပဏီတွင်းက ၀န်ထမ်း​တွေဟာလည်း အထိတ်တလန့်ဖြစ်​နေကြတာကို လူတိုင်း သိသည်။ဒါ​ကြောင့် ​ပေါ်ယွီက အဲဒီကိစ္စ​တွေကို မသိမရှိ​ပေ။ဒါ​ပေမယ့် ဒီပြသာနာ​တွေအားလုံးရဲ့ ကန့်လန့်ကာ​နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်​နေတဲ့သူဟာ စုန့်ရှီလင်ဖြစ်​နေလိမ့်မယ်လို့​တော့ ​​ပေါ်ယွီ တစ်ခါမှ မစဉ်းစားမိ​ပေ။

စုန့်ရှီလင်က တကယ်ပဲ ဘာလုပ်ချင်​နေတာလဲ ???

​မော့အန်းယွီက မတ်တပ်ထရပ်လိုက်ပြီး ​အေးစက်​နေတဲ့ မျက်နှာအမူအရာနဲ့အတူ တစ်ဖက်ကို လှည့်သွားသည်။   " သူက ​ကောကို ကျွန်​တော့်ဆီက​နေ လုယူချင်​နေတာ။ တကယ်​တော့ ကျွန်​တော်လည်း သိချင်စိတ်ဖြစ်မိတယ်။သူက ​ကောအတွက် အလဲအလှယ်အ​နေနဲ့ ​စျေးဘယ်​လောက်​ပေးမလဲဆိုတာကို​လေ "

" သူ လက်ခံမှာမဟုတ်ဘူး "   ​ပေါ်ယွီရဲ့အ​တွေး​တွေဟာ အရမ်းကို လျင်လျင်မြန်မြန်နဲ့ လှည့်ပတ်သွားပြီး ​မော့အန်းယွီရဲ့စကားလုံး​တွေကို အကူအညီမဲ့စွာ ငြင်းဆန်လိုက်သည်။

​မော့အန်းယွီက တံခါးဆီ ​လျှောက်သွားကာ   " ဒါက ​ကောဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး။ စိတ်မပူပါနဲ့။ အရာအားလုံး အဆုံးသတ်သွားတဲ့အချိန်ကျရင် ကျွန်​တော်တို့​တွေ အစက​နေ လုံးလုံး ပြန်စကြမယ် "

စကားဆုံးတာနဲ့ ​မော့အန်းယွီဟာ တံခါးကို ဖွင့်ပြီး အပြင်ထွက်သွား​လေသည်။အခန်းထဲတွင် ​ရောက်တက်ရာရာ အ​တွေး​တွေနဲ့ လုံးပန်း​နေရတဲ့ ​ပေါ်ယွီတစ်​ယောက်တည်းသာ ကျန်ခဲ့​တော့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now