အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)

5.3K 849 64
                                    

Scroll down for Zawgyi.

Unicode

[ အား !!! အား !!! အား !!! ဖရဲသီး​လေးက သူ့ပါးပါးကို တကယ် ဂရုစိုက်တာပဲ !!! ငါ​လေးက​တော့ သူ့ပရိသတ်ဖြစ်သွားပြီကွ !!! ]

[ ဒီနှုန်းအတိုင်းဆိုရင် ဖရဲသီး​လေးနဲ့​ပေါ်ယွီတို့အ​ကြောင်း CP Fiction ​တွေက Web စာ​ပေ​လောကထဲမှာ မကြာခင် မှိုလို​ပေါက်လာ​တော့လို့ ငါ ထင်တယ်။ ဘုရား​ရေ !!! ချစ်ဖို့​ကောင်းရန်​ကောဟဲ့ !!! ]

ရှိုးပထမပိုင်းကို ထုတ်လွှင့်အပြီး​၌ ကြည့်ရှူသူအ​ပေါင်းဟာ ​ပေါ်ယွီအား သကြားလုံးခွံ့​ကျွေးလိုက်တဲ့ ဖရဲသီး​လေးကို မြင်​တွေ့ကြပြီးတာနဲ့ ချက်ချင်းဆိုသလို ဖရဲသီး​လေးရဲ့ပရိသတ်များ တန်းဖြစ်သွားကြသည်။

ဒါ့ပြင် ရက်သတ်တစ်ပတ်ခန့် အချိန်ကြာ​သော် ​ပေါ်ယွီရဲ့ပရိသတ်​တွေကလည်း ဖြည်းဖြည်းချင်း တည်ငြိမ်လာကြသည်။<ချစ်စရာ့ ကလေးငယ်> ၏ တရား၀င် Weibo Website တွင် ပြင်းထန်​သော မ​ကောင်းမြင် မှတ်ချက် comment ဆိုးများ ​​ပေးကြသည့် အင်တာနက်အသုံးပြုသူဟူ၍ အနည်းအကျဉ်း​လောက်ကျန်ရှိ​တော့သည်။comment အများစုက သမားရိုးကျပရိသတ်​တွေ ​ပေါ်ယွီအတွက် တင်ချန်ထားခဲ့ကြတဲ့ စိတ်ရင်းဖြင့် ​ကောင်းချီး​ပေးထား​သော ဆု​တောင်းစာများသာဖြစ်သည်။

အစတုန်းက Hater ​တွေဟာ ​ပေါ်ယွီရဲ့အသက်​မွေး၀မ်း​​ကျောင်းအလုပ်အကိုင်ကို လုံး၀ ဖျက်ဆီးပစ်ရန် ဒီအခွင့်အ​ရေးကို ဖမ်းဆုပ်ချင်ခဲ့ကြသည်။သို့ရာ ၎င်းတို့ ဘာမှမလှုပ်ရှားရ​သေးခင်မှာပဲ သူတို့​တွေက စုန့်ရှီလင် ​ငွေ​ကြေး​မြောက်မြားစွာ အကုန်အကျခံ သုံးစွဲဝယ်ယူထားတဲ့ offical fan များ၏ brainwash ပြုလုပ်ခြင်းကို ခံလိုက်ကြရသည်။

offical fan များ၏ အားထုတ်မှုသည် Hater ​တွေကို ပါးစပ်ပိတ်သွား​စေနိုင်ရုံမျှမက ဇွတ်တရွတ်ပရိသတ်​တွေ၏ ချစ်ခြင်း​မေတ္တာ​တွေကိုပါ ပြန်လည်အရချူယူနိုင်​​စေခဲ့သည်။

ဒါ​ကြောင့် မကြာမီအချိန်၌ပင် ​ပေါ်ယွီရဲ့သမားရိုးကျပရိသတ်​တွေက မျက်ရည်လည်ရွှဲဖြင့် ​ပေါ်ယွီဆီ ပြန်​ရောက်လာကြကာ <ချစ်စရာ့ က​လေးငယ်> တရား၀င် Website မှ အသစ်တင်​ပေးမည့် ရှိုးပထမပိုင်းကို ကြည့်ရှူအား​ပေးရန် ​​မျှော်လင့်​စောင့်စား​နေခဲ့ကြသည်။ထို့​နောက် သူတို့​တွေ ရှာ​ဖွေတွေ့ရှိလိုက်ကြတာတာက လူထု​ရှေ့​မှောက်ရှိ ​ပေါ်အကြီးနှင့် ​ပေါ်အ​သေး​လေးတို့ဟာ အရမ်းအရမ်း မတရား​တွေကို ချစ်မြတ်နိုးစရာ​ကောင်း​နေတယ်ဆိုတာပင်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now