အခန်း-၂၆(ပြသာနာ)

6.3K 1.2K 37
                                    

Scroll down for Zawgyi.

Unicode

ဖရဲသီး​လေးက အ​နောက်က​နေ တစ်စုံတစ်​ယောက်ရဲ့ မချီခြင်းကို ခံ​လိုက်ရပြီး သူ့​ခြေ​ထောက်​လေး​တွေကို ​လေထဲမှာ တဖျပ်ဖျပ်ခတ်​နေသည်။ဖရဲသီး​လေးက စကား​လေး​တွေ တတွတ်တွတ်​ပြော​နေရင်း အိပ်ဖို့ကို အချိန်ဆွဲကာ ရုန်းကန်ထွက်​နေသည်။

ဒါ​ပေမယ့် သူက အညှာအတာကင်းမဲ့စွာနဲ့ပဲ အချုပ်ခံထားရသည်။

တန်တန်က ​ပေါ်ယွီ့​ဘေးပတ်ပတ်လည်မှာ ​ပြေးလွှား​နေပြီး သူ့ရဲ့သူငယ်ချင်း​လေးကို ကယ်တင်ဖို့ ကြိုးစား​နေသည်။ဒါ​ပေမယ့် တန်တန်ဟာ သူ့ရဲ့တင်ပါး​လေးကို အကန်ခံလိုက်ရပြီး မ​ပျော်ရွှင်တဲ့ မျက်နှာ​အမူအရာလေးနဲ့အတူ တံခါးအပြင်ဘက်က​နေ ​လော့ချခံလိုက်ရသည်။

​ပေါ်ယွီက ဖရဲသီး​လေးရဲ့အိပ်ခန်းတံခါးကို ပိတ်ချလိုက်ပြီး ဖရဲသီး​လေးကို အိပ်ရာ​ပေါ် တင်​ပေးကာ ​ပြောလိုက်သည်။   " မင်း အိပ်တာကို ကူညီ​ပေးဖို့ ​ရွေးချယ်စရာ နှစ်နည်းရှိတယ် ။ ပုံပြင်နား​ထောင်မလား မဟုတ်ရင် တင်ပါးကို လက်ဝါးနဲ့ ရိုက်ရမလား ? "

ဖရဲသီး​လေးက သူ့လက်​လေး​တွေကို ဆန့်ထုတ်ကာ ​စောင်ကို ဆွဲယူလိုက်ပြီး မျက်နှာချို​သွေးတဲ့ အပြုံး​လေးနဲ့ ​ပြောလိုက်သည်။
  " ပုံပြင်နား​ထောင်မယ် "

​ပေါ်ယွီက သူ့ဖုန်းကို ထုတ်ပြီး အိပ်ရာ၀င်နတ်သမီးပုံပြင် တစ်ပုဒ်ကို ရှာကြည့်လိုက်သည်။အဲဒီ​နောက် သူ နှစ်ချက်​လောက် ​ချောင်းဟန့်ကာ လည်​ချောင်းရှင်းလိုက်သည်။   " တစ်ခါတုန်းက ဖားတစ်​ကောင်ရှိတယ်တဲ့ ။ အဲဒီဖားက နှစ်လိုဖွယ်ရာ မင်းသား​လေးတစ်ပါးနဲ့ ချစ်မိသွားကြပြီး သူက ​နေ့တိုင်း မင်းသား​လေးနဲ့ ဘယ်လို လက်ထပ်ရမလဲဆိုတာကို စဉ်းစားရင်း အိပ်​ရေးပျက်​နေရတယ်တဲ့ ...... "

ဖရဲသီး​လေး ; " ........... "

​ပေါ်ယွီ ပုံပြင်တစ်၀က်လောက်ထိ ​ပြောပြပြီးတဲ့အချိန်မှာ ဖရဲသီး​လေးက အိပ်​ပျော်သွားပြီဖြစ်သည်။ပုံပြင်ဖတ်ပြချင်​နေတုန်းပဲဖြစ်တဲ့ ​ပေါ်ယွီက သူ့ဖုန်းကို ယူပြီး အခန်းထဲက​နေ ​ခြေဖျား​ထောက်ကာ ထွက်သွားလိုက်​တော့သည်။ဒါ​ပေမယ့် သူ တံခါးအပြင်ဘက်ကို ​ရောက်တဲ့အခါ ဖုန်းက ရုတ်တရက် အသံမြည်လာခဲ့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now