အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)

7.4K 1.2K 66
                                    

Scroll down for Zawgyi.

Unicode

​မော့အန်းမဂ္ဂဇင်းကို ယခုလအကုန်ပိုင်းတွင် တရား၀င် ထုတ်​ဝေဖြန့်ချီခဲ့ပြီး မဂ္ဂဇင်း၏​ရောင်းအားဟာလည်း ထုတ်ပြီး သုံးရက်အတွင်းမှာပင် ထိုးတက်လာခဲ့သည်။စာနယ်ဇင်းအ​ရောင်းဆိုင်များနှင့်တကွ စာအုပ်ဆိုင်ကြီး​တွေအားလုံးမှာလည်း မဂ္ဂဇင်း​တွေ လိုသ​လောက်မရနိုင်ဘဲ ပြတ်လပ်မှု​တွေဖြစ်​ပေါ်​နေတာ​ကြောင့် သူတို့​တွေက လူကြိုက်များ​ရေပန်းစား​နေတဲ့ မဂ္ဂဇင်းရဲ့ ထုတ်​ဝေမှုအ​ကြောင်းနဲ့ပတ်သတ်ပြီး ​နောက်တစ်ကြိမ် ပြန်လည်ပုံနှိပ်ဖြန့်ချီဖို့ကိစ္စအတွက် စာ​​​ပေပုံနှိပ်တိုက်ဆီ ဆက်သွယ်​မေးမြန်း​နေကြရသည်။

သူမ​ရှေ့ရှိ ယခုလမဂ္ဂဇင်းအ​ရောင်းမှတ်တမ်းကို ကြည့်ရင်း ​မော့အန်းမဂ္ဂဇင်းရဲ့ အမျိုးသမီး​ခေါင်း​ဆောင်အယ်ဒီတာက ဒီလိုနှစ်လိုဖွယ်ရာ​ကောင်းတဲ့လူ(​ပေါ်ယွီ)အတွက် သူမ၏စူးရှထက်မြက်တဲ့မျက်လုံး​တွေအား ချီးကျူး​ထောပနာပြုလိုက်မိသည်။

______ မဂ္ဂဇင်းအဖုံးရဲ့အဓိကဇာတ်​ကောင်အရ ​ပေါ်ယွီဟာ အ​နောက်တိုင်း၀တ်စုံနှင့် leather shoe တစ်ရံကို ၀တ်ဆင်ထားပြီး သူ့ဆံပင်​လေး​တွေကိုလည်း ပျားဖ​ယောင်း cream ဖြင့် အ​သေအချာ ပုံသွင်းထားသည်။သူ့လက်တစ်ဖက်က နက်ကတိုင်ဆီမှာရှိကာ ညှို့ဓါတ်ပါပြီး ချစ်ရည်ရွှန်းလဲ့​နေတဲ့ မျက်၀န်းတစ်စုံနဲ့အတူ ​အေးစက်စက်​ ရောင်ဝါ​တွေက ​တလက်လက်တောက်ပလို့​နေသည်။သူ့နှုတ်ခမ်း​တွေကိုလည်း တင်းတင်း ​စေ့ပိတ်ထားတာ​ကြောင့် ရမ္မကင်းကာ ​ချော​မောခန့်ညား​နေ​လေသည်။

အချပ်ပိုမဂ္ဂဇင်း၏မျက်နှာဖုံးရှင်ကလည်း ​ပေါ်ယွီပင်ဖြစ်သည်။သို့တိုင် အဲဒီဓါတ်ပုံမှာ​တော့ ​ပေါ်ယွီက ဖြူစင်သန့်ရှင်းသည့် ပုံစံ​လေးနဲ့အတူ အဖြူ​ရောင်ရှပ်အင်္ကျီရယ် အနက်​ရောင်​ဘောင်းဘီရှည်ရယ်ကိုသာ ၀တ်ဆင်ထားကာ ​ကျောင်းတွင်းနတ်ဘုရား​လေးအဖြစ် အသွင်​ပြောင်းသွား​သည်။သူ့မျက်နှာ​ပေါ်တွင် အပြစ်ကင်းစင်ပြီး သဘာ၀ကျတဲ့ အပြုံးတစ်ပွင့်ကို ဆင်မြန်းထားရင်း မဂ္ဂဇင်းဖတ်ရှူသူအ​ပေါင်းအား ၎င်းကို၏အချစ်ဦးကို​တောင် ပြန်လည်​တမ်းတသတိရသွား​စေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now