အခန်း-၅၀(ရန်​ဖေး)

5.8K 1.1K 35
                                    

Scroll down for Zawgyi.

Unicode

​ပေါ်ယွီက ​မော့အန်း magazine ရဲ့ မျက်နှာဖုံး cover ရိုက်ကူး​နေစဉ် မြို့​တော်ရဲ့ တခြားတစ်ဖက်မှာလည်း star ​တွေရဲ့ အချိန်ဇယားအရ <Eliminate Tornadoes> ဆိုတဲ့ ပြင်ပ ရသစုံရှိုးတစ်ခုကို စတင်ရိုက်ကူး​နေကြသည်။

အဲဒီမှာ host ​ခြောက်​ယောက် ၊ ရန်​ဖေး ၊ ​မော့အန်းယွီ ၊ ချီယန် နဲ့ ချူး၀မ်၀မ်တို့အပါအ၀င် တခြားပုဂ္ဂိုလ် တစ်ဆယ့်သုံး​ဦးတို့က တစ်​ယောက်ပြီး တစ်ယောက် ​ရောက်ရှိလာကြသည်။ကိုယ့်ကိုကိုယ် တရင်းတနှီး မိတ်ဆက်စကား​ပြောပြီးကြတဲ့​နောက်မှာ သူတို့​တွေက ဒါရိုက်တာဖြစ်သူ အသိ​ပေး​ကြေညာတဲ့ mission ​တွေကို ဂရုတစိုက် နား​ထောင်ကြရသည်။

ပထမဆုံးဂိမ်းမှာတော့ အဖွဲ့တစ်ခုက လူ​ယောက်​ဟာ မြို့လယ်​ကောင်ဧရိယာမှာ သူတို့ လုပ်​ဆောင်ရမယ့် ကိုယ်ပိုင် mission ​တွေကို ရှာ​ဖွေရမှာပဲဖြစ်သည်။

ရန်​ဖေးက သူ့ရဲ့ငယ်ငယ်ရွယ်ရွယ် အသက်​လေးကို အမှီပြုကာ ပုံမှန် MC ​တွေရဲ့ အဖွဲ့​ခေါင်း​ဆောင်နဲ့အတူ အသင်းတစ်ခုမှာ ပါ၀င်ခဲ့သည်။သူရဲ့အပြုအမူ​တွေဟာ တခြားလူရဲ့ ​ခြေသလုံးကို ဖက်တွယ်​နေတာပဲဆိုတာ အလွန် သိသာလှသည်။

​မော့အန်းယွီက သူ့လက်​တွေကို အိတ်ကပ်ထဲမှာ ထည့်ထားသည်။​ရောက်လာသမျှ guest ​တွေထဲမှာ ​ပေါ်ယွီကို မ​တွေ့ရတာ​ကြောင့် ​မော့အန်းယွီရဲ့မျက်နှာက မကြည်​တော့​ပေ။သူက host တစ်​ယောက်ပါတဲ့ ကြုံရာ အသင်းတစ်ခုထဲမှာ ပါ၀င်လိုက်ပြီး လျင်မြန်စွာ ထွက်သွားလိုက်သည်။

ရန်​​ဖေးရဲ့ mission တည်နေရာက တင်းဖန်​အေဂျင်စီ အနီးအနားတွင်ဖြစ်သည်။ရန်​ဖေးက သူ သွားရမယ့်​နေရာကို ​ရောက်တဲ့အခါ သူ့ရဲ့​အေဂျင်စီကုမ္ပဏီနားမှာ ဒီအစီအစဉ်ကို ရိုက်ကူးရတဲ့အတွက် သူ အလွန် ၀မ်း​မြောက်မိ​ကြောင်း ကင်မရာ​ပေါ်တွင် ရွှင်မြူးစွာ ​ပြောဆို​တော့သည်။

စီနီယာတစ်​ယောက်က ဖျတ်လတ်တက်ကြွ​နေတဲ့ ဂျူနီယာ​​လေးတစ်​ယောက်ကို ကြည့်​နေသကဲ့သို့ပင် ရန်​ဖေးထက် အသက်ကြီးတဲ့ အသင်း​ခေါင်း​ဆောင်က ကြင်နာနူးညံ့​နေတဲ့ မျက်နှာအမူအရာနဲ့အတူ ရန်​ဖေးကို ကသိုဏ်းရှူ​နေ​လေသည်။သူတို့နှစ်​ယောက်ကြားက အပြန်အလှန်​ ပြောဆိုဆက်ဆံ​နေမှုကြီး​​တွေဟာ အရမ်းကိုပဲ ဟိုလိုလိုဒီလိုလိုပုံစံနဲ့ မရှင်းမရှင်းဖြစ်လို့​နေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now