အခန်း-၁၉(အသုံးချခြင်း)

7.3K 1.1K 35
                                    

Scroll down for Zawgyi.

Unicode

စုန့်ရှီလင်က သာမာန်အိမ်​နေရင်း မီးခိုး​ရောင်၀တ်စုံကို ၀တ်ထားကာ လူ​တွေကို နည်းနည်း ဂရုမစိုက်ဘဲ ပုံမှန်ထက်ပိုပြီး ကင်းကင်းရှင်းရှင်း​နေသလို ခံစားရ​​စေသည်။

ဖရဲသီး​လေးက ထခုန်ပြီး စုန်ရှီလင်ရဲ့​ပေါင်ကို ဖက်တွယ်လိုက်သည်။   " ဦးဦးစုန့် , ဦးဦးလည်း ဒီမှာ ​နေတာလား ? "

​ပေါ်ယွီက​တော့ အ​တော်​လေး ရှက်ကိုးရှက်ကန်းဖြစ်သွားသလို ခံစားလိုက်ရသည်။သူက သူ့ရဲ့အိမ်နီးချင်းအသစ်​လေးကို ​တွေ့ချင်ရုံပါ။ဒါ​ပေမယ့် သူ တစ်ခါမှ ထင်မထားခဲ့တဲ့ သူ့ရဲ့အရင်ရည်းစား​ဟောင်းနဲ့ လာ​တွေ့​နေရတယ်လို့။

စုန့်ရှီလင်က ​ပေါ်ယွီနဲ့ဖရဲသီး​လေးကို ကြည့်ပြီး ​ဘေးတစ်ဖက်ကိုကပ်​ပေးကာ
  " အထဲ၀င်ပြီး ထိုင်ကြ​လေ "

လမ်းခွဲခဲ့ကြပြီးတဲ့​နောက် သူတို့ တစ်ညတာ အတူတူအိပ်ခဲ့ကြသည်။ဒါ​ကြောင့် သူတို့ တစ်​ယောက်နဲ့တစ်​ယောက် ​တွေ့ကြတဲ့အချိန်မှာ သူတို့ကြားက​လေထုဟာ အရမ်းကြီး ထူးဆန်းမ​နေ​ပေ။

​ပေါ်ယွီ ​ခေါင်းငြိမ့်လိုက်ပြီး အထဲ၀င်ကာ အိမ်ရဲ့ရိုးရိုးရှင်းရှင်းအပြင်အဆင်ကို ကြည့်ရင်း ​ပြောလိုက်သည်။   " မင်း ဘာလို့ ဒီကို​ပြောင်းလာတာလဲ ? "

" ငါ့ရဲ့အရင်တိုက်ခန်းက ​ရောင်းထွက်သွားပြီ​လေ ။ အဲဒါ​ကြောင့် အသစ်၀ယ်လိုက်တာ "   ​​ပေါ်ယွီနဲ့ဖရဲသီး​လေးအတွက် ​ရေ​နွေးပူပူ​လေး တစ်ခွက်စီထည့်​ပေးပြီး​နောက် စုန့်ရှီလင်က ဘာစကားမှမဆို​တော့ဘဲ ဆိုဖာ​ပေါ်မှာ ထိုင်လိုက်သည်။

အဲဒီအချက်ကပဲ ​နေရခက်တဲ့ အ​ခြေအ​နေကြီးကို ထုတ်လွှတ်​ပေး​နေ​လေသည်။

" ဦးဦးစုန့် , ဦးဦး သားကို မှတ်မိလား ? "   ဖရဲသီး​လေးက စုန့်ရှီလင်ကို အလွန်သ​ဘောကျသည်။သူက စုန့်ရှီလင်ဆီကို သွားပြီး စုန့်ရှီလင်ရဲ့ဒူးနားမှာ ငုတ်တုတ်​လေးထိုင်ချလိုက်သည်။သူ့ရဲ့နှစ်လိုဖွယ်ရာ မျက်၀န်းကြီး​တွေကို​တော့ အကြိမ်ကြိမ် ပုတ်ခတ်ပုတ်ခတ်လုပ်​နေ​လေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now