အခန်း-၆၂(သဲလွန်စ)

7.1K 1.1K 27
                                    

Scroll down for Zawgyi.

Unicode

စုန့်ရှီလင်က သူ့မျက်နှာ​ပေါ်မှာ ခပ်ဖျော့​ဖျော့ အပြုံးတစ်ပွင့်နဲ့အတူ ​ပေါ်ယွီဆီ ​ဝေ့ဝဲကြည့်လိုက်ပြီး တခြား​မေးခွန်းတစ်ခုကို လမ်း​ကြောင်း​ပြောင်းဖို့ အစပျိုးလိုက်သည်။  
" ကိုယ် ဘယ်​တော့ ခန္ဓာကိုယ်စစ်​ဆေးမှုမှတ်တမ်းကို ရမှာလဲ ??? "

" ငါလည်း မသိဘူး "   ​ပေါ်ယွီ ​နေရခက်စွာ ပြန်​ဖြေလိုက်သည်။

ရုတ်တရက်ဆိုသလိုပင် ဖရဲသီး​လေးက ​​ပေါ်ယွီ့ရဲ့နားရွက်တစ်ဖက်ကို လှမ်းကိုင်လာပြီး အံ့သြတကြီးနှင့် ကျယ်​လောင်စွာ ဆိုလိုက်သည်။   " အာ , ပါးပါးနားရွက်​တွေ နီရဲ​နေပြီ !!! "

​ပေါ်ယွီနဲ့စုန့်ရှီလင် ; " ............. "

အိမ်ရာ၀င်း ကားပါကင်ဆီကို သူတို့ ​ရောက်ရှိလာကြသည်။​ပေါ်ယွီက ဖရဲသီး​လေးကို ချီကာ ​ရှေ့က​နေ ဦး​ဆောင်သွားလိုက်ပြီး စုန့်ရှီလင်က​တော့ လက်ထဲမှာ Supermarket ​စျေး၀ယ်အိတ်​တွေကို ဆွဲရင်း ​ပေါ်ယွီ့​နောက်က​နေ လိုက်လာခဲ့သည်။

" ​သော့က ငါ့အိတ်ကပ်ထဲမှာ။ ထုတ်လိုက်ပါဦး "   တံခါး​ရှေ့မှာ ရပ်​နေရင်း ​ပေါ်ယွီ ​ပြောလိုက်သည်။သူက က​လေး​လေးကို ချီထားရတာ​ကြောင့် လက်မအား​ချေ။

စုန့်ရှီလင်က ခံစားချက်ကို ဖတ်၍မရနိုင်တဲ့ မျက်နှာနဲ့အတူ ​ပေါ်ယွီ့နား ကပ်လာကာ သူ့လက်​တွေကို ​ပေါ်ယွီ့ကုတ်အင်္ကျီအိတ်ကပ်ထဲ ထည့်သွင်းလိုက်ပြီး ဘာမှမဖြစ်သလို ဟန်ပန်မျိုးနှင့် ​သော့ကို ထုတ်ယူလိုက်သည်။အဲဒီ​နောက် သူ တံခါးကို ​သော့ဖွင့်လိုက်​သည်။

စုန်ရှီလင်က ​ပေါ်ယွီနဲ့ဖရဲသီး​လေးတို့ ၀ယ်လာခဲ့တဲ့ အထုပ်အပိုး​တွေနဲ့အတူ အိမ်ထဲကို အရင် ၀င်သွား​လေသည်။

ဒါ​ပေမယ့် ​ပေါ်ယွီကတော့ ​နေရာ၌ပင် ကြက်​သေ,​သေရပ်​နေမိပြီး ခဏ​လောက် ​အေးခဲသွားရသည်။ ကြည့်ရတာ အပြင်ပန်းမှာ နူးညံ့ညင်သာပြီး အတွင်းစိတ်ထဲမှာ​တော့ ပြင်းပြကြမ်းတမ်းတဲ့ လူအိုကြီးက အခု​လေးတင် သူ့ကို ကလူမြှူဆွယ်သွားတာပဲ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now