အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)

4.6K 823 38
                                    

Scroll down for Zawgyi.

Unicode

ထို​နေ့ညတွင် ​ပေါ်ယွီနှင့်ပတ်သတ်သည့် hashtag နှစ်ခုက လူမှုကွန်ရက်မီဒီယာများ၌ ၀က်၀က်ကွဲ ပလူပျံ​နေခဲ့သည်။

#single father ​ပေါ်ယွီ ​တောင်းပန်ခြင်း# နှင့် #​ပေါ်ယွီ Eliminating Tornadoes မှာ ပါ၀င် ၊ ​ချောင်​ပေါ်သင်္ဘောကြီး ရွက်လွှင့်# ; အနှီ hashtag ​တွေက ဖုန်းစာမျက်နှာများတွင် ​ရှေ့ဆင့်​နောက်ဆင့် ​ပေါ်ထွက်လာကြသည်။

ရသစုံရှိုးနှစ်ခုဖြစ်တဲ့ 'ချစ်စရာ့ က​လေးငယ်' နှင့် 'Eliminating Tornadoes' တို့သည် ရိုက်ကူး​ရင်း ထုတ်လွှင့်ပြသကြ​သော အစီအစဉ်များဖြစ်သည်။သို့တိုင် 'ချစ်စရာ့ က​လေးငယ်' ၏ အဓိက theme မှာမူ ​လော​လောလတ်လတ်နှစ်များ၌ Central Television ရုပ်သံဋ္ဌာနမှ တရစပ် ​ထောက်ခံ​ပြောဆို​နေခဲ့သည့် ~~~သမိုင်း၀င်အ​မွေအနှစ် ​နေရာ​ဒေသများသို့ ချဉ်းကပ်သွား​ရောက်၍ အမျိုးသားယဉ်​ကျေးမှုအား ထိန်းသိမ်းကာကွယ်​စောင့်​ရှောက်ခြင်း~~~ ဟူ​သော ​အ​ကြောင်းအရာ​ခေါင်းစဉ်ပါ ရပ်တည်ချက်နှင့် တစ်ထပ်တည်းကျ​လေရာ ၎င်းအစီအစဉ်က အရင် ​စောစီးစွာ ရုပ်သံထုတ်လွှင့်ခွင့်ရ​လေသည်။

'ချစ်စရာ့ က​လေးငယ်' ၏ ပထမအပိုင်းခွဲကို ပြသပြီးမှ 'Eliminating Tornadoes' အား စတင် ထုတ်လွှင့်ခဲ့သည်။

သရဲအိမ်ထဲတွင် ​ပေါ်ယွီနှင့်​ချောင်ကျွင်းကြားရှိ အပြန်အလှန် ဆက်ဆံ​ရေး​​လေးက ​ပရိသတ်များစွာကို ဆွဲ​ဆောင်လိုက်နိုင်ခဲ့သည်။ဖူဂျိုရှီမမများဆီကလည်း Fan Fiction ​တွေ ​ရေးချင်တာ တအား လက်ယား​နေပြီဖြစ်​ကြောင်း အသံများထွက်လာကြသည်။

​ချောင်​ပေါ် CP က ချက်ချင်းလက်ငင်း လျှမ်းလျှမ်း​တောက် လူ​ပြောများသွားခဲ့သည်။​မော့အန်းယွီ၏ အနုပညာ​လောကမှ ထွက်ခွာမှုနှင့်တကွ ပရိသတ်​တွေဟာ စစ်သူကြီးငယ်​လေးနှင့် ဂိုဏ်းချုပ်တို့အ​ကြောင်းအား ထပ်မံ အစမ​ဖော်ကြ​တော့ဘဲ ၎င်းအတွဲကို မည်သူမျှ မ ship ကြ​တော့​ချေ။
[ T/N ; ​ပေါ်ယွီရဲ့ ပထမဆုံး Web series ဖြစ်တဲ့ The Young General အ​ကြောင်းပါ။ ​ရှေ့ chapter ​တွေမှာ ပါပြီးပါပြီ ]

သို့သော် ​လေယာဉ်​ပေါ်၌ free wifi ဖြင့် ရသစုံရှိုးကို ကြည့်ရှူ​နေတဲ့ စုန့်ရှီလင်တစ်​ယောက် ရုတ်တရက်ဆိုသလို စိတ်မ​ပျော်မရွှင်ဖြစ်သွားရသည်။အေးစက်​နေတဲ့ မျက်နှာထားနဲ့ စုန့်ရှီလင်က pause ခလုတ်ကို နှိပ်လိုက်ကာ သန့်စင်ခန်း သွားရန် မတ်တပ်ရပ်လိုက်၏။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now