အခန်း-၄(အချစ်ပြိုင်ဘက်)

10.4K 1.3K 16
                                    

Scroll down for Zawgyi.

Unicode

ဖရဲသီး​လေးရဲ့ ပြသာနာကို ​ဖြေရှင်း​ပေးပြီးသွားတဲ့​နောက်မှာ ​နောက်တစ်​နေ့ရဲ့ ​နေ​ရောင်ခြည်က ပိုပြီး ​တောက်ပလာ​တော့မယ်လို့ ​ပေါ်ယွီ ခံစားမိသည်။

ပလက်စတစ်အရိုး​လေးကို ပါးစပ်မှာကိုက်ထားပြီး အူတူတူ တန်တန်က ​ဟောင်​နေသည်။

" အိမ်သာထဲက ဖရဲသီး​လေးကို သွား​ခေါ်လိုက် " ​ပေါ်ယွီက တန်တန်ရဲ့ တင်ပါး​လေးကို ကန်လိုက်ပြီး သန့်စင်ခန်းဆီကို လက်ညှိုးထိုးပြလိုက်သည်။

တန်တန်ရဲ့ မျက်လုံး​လေး​တွေက ၀င်းလက်သွား​ပြီး သန့်စင်ခန်းဆီ ​ပြေးကာ တံခါးကို တဂျစ်ဂျစ် ကုတ်ခြစ်​နေသည်။

ဖရဲသီး​လေးဟာ တံခါးအပြင်ဘက်က​နေ တန်တန်ရဲ့ ကုတ်ခြစ်သံ​တွေကို ကြားလိုက်ရတဲ့အချိန်မှာ သူက သူ့ရဲ့တင်ပါးကို သုတ်လို့ မပြီးသေးတာ​ကြောင့် သူ မြန်မြန်သွက်သွက်လုပ်လိုက်သည်။

" ဖရဲသီး​လေး​ရေ , လာခဲ့ ပါးပါးနဲ့ ​ဆော့ရ​အောင် " ​ပေါ်ယွီ သူ့လက်ထဲက ဇာတ်ညွှန်းစာအုပ်ကို ကြည့်ပြီး ပျင်းလာတာ​ကြောင့် ​ပြောလိုက်သည်။

ဖရဲသီး​လေးက ​ပေါ်ယွီ့ဆီကို မျက်၀န်း​တောက်​တောက်​လေး​တွေနဲ့ ​ပြေးထွက်လာသည်။

" ပါးပါးက ဒီ​​နေ့ ဇာတ်လမ်းစာသား​တွေကို အလွတ်ကျက်ရဦးမှာ အဲဒါ​ကြောင့် ပါးပါးတို့ ဒီ​နေ့ ဘယ်မှသွားလို့မရဘူး အိမ်မှာပဲ​နေရမယ် " ​ပေါ်ယွီက ဇာတ်ညွှန်းကို ဖတ်ရင်း ဖရဲသီး​လေးကို သူ့ရဲ့လက်​မောင်း​တွေထဲမှာ ထည့်ကာ စိတ်ညစ်​နေသလို ​ပြောလိုက်သည်။ " ပါးပါးက မင်းအတွက် ပိုက်ဆံ​တွေရှာဖို့ အသည်းအသန် ကြိုးစား​​နေတယ်​နော် "

ဖရဲသီး​လေးဟာ အရမ်းပဲ သိတတ်သည်။
" ပါးပါး , သား ပါးပါးကို အ​နှောင့်အယှက်မ​ပေး​တော့ပါဘူး "

မိဘတစ်​ယောက်တည်းရှိတဲ့ မိသားစုက​နေ ကြီးပြင်းလာရတဲ့ က​လေး​တွေက ပိုပြီး အရွယ်နဲ့ မလိုက်​အောင် ရင့်ကျက်ထက်မြက်ကြသည်။

" ဖရဲသီး​လေး , မင်း ငါ့ရဲ့ ဖုန်းနံပါတ်ကို သိလား ? " ​ပေါ်ယွီ ရုတ်တရက် မျက်နှာထားတင်းတင်းနဲ့ ​မေးလိုက်သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now