အခန်း-၃(လုယူခြင်း)

11.5K 1.4K 33
                                    

Scroll down for Zawgyi.

Unicode

ရန်​ဖေးက ခုံတစ်ခုံ​ပေါ်မှာ ထိုင်​နေပြီး ရှက်စိတ်​ကြောင့် မျက်နှာနီ​နေဟန်ရှိသည်။သူ စိတ်လည်း လှုပ်ရှား​နေသည်။

" မင်း ဒီထဲကို ဘယ်လို၀င်လာတာလဲ ? "
ရန်​ဖေးက တံခါးပေါက်၀ဘက်ကို လက်ယပ်​ခေါ်လိုက်သည်။ " ဒီကိုလာဦး ! ဒီမှာ ရှယ်ပစ္စည်း​လေးတစ်ခုရှိတယ် "

ဒါ​ပေမယ့် ​နောက်စက္ကန့်မှာပဲ ရန်​ဖေးဟာ ​ဒေါသတကြီးနဲ့ စိတ်ဆိုးမာန်ဆိုး ​အော်ဟစ်လိုက်ပြန်သည်။ " မင်း ရူး​နေလား ? ဒီဟာက
ငါ့ရဲ့ ကွန်ပျူတာအသစ်​လေးကွ မင်းက ငါ့ရဲ့ကွန်ပျူတာ​ပေါ်ကို ​ရေ​လောင်းချလိုက်တယ် ! မင်း ငါ့ကို ဒီကိစ္စအတွက် အ​လျော်​ပေးရမယ် !!! "

" ဂရုမစိုက်ဘူး ! ​စောင်​တောသား ! မင်း ငါ့ရဲ့ကွန်ပျူတာအတွက် ငါ့ကို ​လျော်​ကြေး​ပေးရမယ် " ရန်​ဖေးက ဆိုးဆိုးဝါးဝါး ​ဒေါသထွက်​နေပုံရပြီး မျက်​ထောင့်နီကြီးနဲ့ ​အော်​ဟစ်​ပြောလိုက်သည်။

​နောက်ထပ် တစ်​ယောက်​ယောက်က သူ့ကို တစ်ခုခု ​ပြောလိုက်သည်။ရန်​ဖေးက ရုတ်တရက် ရယ်လိုက်ပြီး မျက်နှာပြန်တည်ဖို့ ကြိုးစားလိုက်သည်။ " ထွက်သွားစမ်း ! မင်း လစာရရင် ငါ့ကို ချက်ချင်း ​လျော်​ကြေးပိုက်ဆံ​ပေးရမယ် "

ရန်​ဖေးကလည်း ​ပေါ်ယွီလိုပဲ စက်မှုသိပ္ပံပညာရှင်​နေရာအတွက် auditionလာ​ဖြေတာဖြစ်သည်။ယှဉ်ပြိုင်ရတဲ့ အပိုင်းက စက်မှုသိပ္ပံပညာရှင်ဟာ အခန်းထဲမှာ တိတ်တိတ်​လေး adult videoတစ်ခုကို ကြည့်​နေချိန်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင် ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းသူ ​ရှေးရိုးစာအုပ်ကြီးသမားက သူ့ကို ​တွေ့သွားပြီး ၀ယ်ထားတာမကြာ​သေးတဲ့ ကွန်ပျူတာအသစ်​လေး​ပေါ်ကို ​ရေ​​လောင်းချလိုက်တဲ့ အခန်းဖြစ်သည်။

​​ပေါ်ယွီက ဒါရိုက်တာ၀မ်တို့ကို တစ်ချက်ကြည့်လိုက်တဲ့အခါ ဒါရိုက်တာကြီးနဲ့ စာ​ရေးဆရာတို့က မကြာခဏ ​ခေါင်းငြိမ့်​​နေတာကို ​တွေ့လိုက်ရသည်။သူတို့​တွေက ရန်​ဖေးရဲ့ တင်ဆက်မှုကို စိတ်​ကျေနပ်ပုံရသည်။​ပေါ်ယွီဟာ အကူအညီမဲ့စွာနဲ့ စိတ်လှုပ်ရှားပြီး ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now