အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)

8.5K 1.3K 53
                                    

Scroll down for Zawgyi.

Unicode

ညအချိန်တွင်။

တံခါးဟာ ​ချောက်ခနဲ ပွင့်လာခဲ့သည်။စုန့်ရှီလင် ဧည့်ခန်းဆီကို ၀င်လာတဲ့အခါ အ​မှောင်ထုထဲ၌ ဆိုဖာ​ပေါ်တွင် ငြိမ်သက်စွာ ထိုင်​နေဆဲဖြစ်သည့် ​​ပေါ်ယွီ့အား ​တွေ့လိုက်ရသည်။

စုန့်ရှီလင် ​ပေါ်ယွီ့အနားကို လျင်မြန်စွာ ​လျှောက်သွားလိုက်ပြီး သူ၏ကုတ်အင်္ကျီနှင့် ​ပေါ်ယွီအား လွှမ်းခြုံ​ပေးလိုက်သည်။သူတို့​တွေဟာ ဆိုဖာ​ပေါ်၌ ​ဘေးချင်းယှဉ်လျက် ထိုင်​နေကြသည်။

" မင်း ... မင်း ... အဲဒါကို သိပြီးသွားပြီဆို , ဟုတ်တယ်မလား ??? " ​ပေါ်ယွီ အသံအက်ကွဲစွာဖြင့် ​မေးမြန်းလိုက်သည်။

ချစ်ခြင်းနှင့် ကရုဏာအရိပ်အ​ယောင်​တွေက စုန့်ရှီလင်၏ မျက်၀န်းထဲမှာ ဖြတ်​ပြေးသွားခဲ့သည်။ဒီ​ကောင်ငယ်​လေးကို ဒီလိုမျိုး စိတ်ဆိုးလျက်အ​နေအထားမျိုးဖြင့် ​တွေ့ရလိမ့်မယ်လို့ သူ မ​မျှော်လင့်မိ​​ချေ။

" မင်းကို မစုံစမ်းပါနဲ့လို့ ငါ ​ပြောခဲ့တယ်​လေ !!! "   ​ပေါ်ယွီ သူ့လက်​တွေနှင့် သူ့မျက်လုံးတွေအား ဖုံးကွယ်လိုက်သည်။နာကျင်မှု​တွေ ပြည့်နှက်​နေတဲ့ သူ့မျက်၀န်း​တွေကို မျက်​တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ​ဒေါသ​ကြောင့် သူ စကားပင်မဆိုနိုင်​တော့​ချေ။

စုန့်ရှီလင် မျက်​မှောင်ကြုတ်ကာ မတ်တပ်ထရပ်လိုက်သည်။အဲဒီ​နောက် သူ ​ပေါ်ယွီကို က​လေး​လေးတစ်​ယောက်အား ချီသကဲ့သို့ ​ပွေ့ချီချလိုက်သည်။အမျိုးသားငယ်​လေးရဲ့ ခါးသိမ်သိမ်ကို သူ့လက်တစ်ဖက်နဲ့ ​ထွေးပိုက်ထား၍ ​နောက်လက်တစ်ဖက်က ထိန်းကိုင်ထားရင်း အိပ်ခန်းဆီသို့ ​ခြေလှမ်းမှန်မှန်ဖြင့် ​လျှောက်သွားလိုက်သည်။

______ ​ပေါ်ယွီ သူ့ဦး​ခေါင်း​လေးအား စုန့်ရှီလင်၏ လည်တိုင်ထက်တွင် တိုး​ဝှေ့မြှုပ်နှံထားလိုက်မိသည်။ဖရဲသီး​လေးက သူ အမှားလုပ်မိသည့်အချိန်တိုင်း ​ပေါ်ယွီ့လက်​မောင်းထဲတွင်​​နေသကဲ့သို့ ​ပေါ်ယွီလည်း လုပ်​နေကျအကျင့်အတိုင်း သူ့​ခြေ​ထောက်​တွေကို စုန့်ရှီလင်၏ ခါးခွင်၌ ရစ်ပတ်ချိတ်တွယ်လိုက်သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now