အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)

6.9K 1.4K 40
                                    

Scroll down for Zawgyi.

Unicode

VIP ​လေဆိပ်နား​နေခန်းတွင် ​ပေါ်ယွီက မန်​နေဂျာကျန်းအား သံသယဖြစ်စွာ ကြည့်လျက် လျှာဖျားထိပ်​ရောက်​နေတဲ့ စကားလုံး​တွေကို ပြန်,ပြန်မျိုချ​နေရသည်။

မန်​နေဂျာကျန်းက အသက်ပြင်းပြင်းရှူထုတ်ကာ ​ပြောလိုက်​လေသည်။ " မင်း စိတ်ထဲရှိတာ ထုတ်​ပြောလိုက်။ ​ကျေးဇူးပြုပြီး အဲဒီလိုမျက်လုံးကြီး​တွေနဲ့ ငါ့လာ ကြည့်မ​နေစမ်းပါနဲ့။ ငါ အဲဒါကြီးကို တကယ်မခံစားနိုင်​တော့ဘူး "

" ဟမ် ... " ​ပေါ်ယွီ ​ပြောလိုက်သည်။ " ကျွန်​တော် မ​နေ့ညက ကားထဲမှာ အိပ်​ပျော်သွားတာ​လေ။ ကျွန်​တော့်ကို ဘယ်သူ ဟိုတယ်ပြန်ပို့​ပေးခဲ့တာလဲ ??? ကျွန်​တော် ...... ကျွန်​တော်ကတော့ ကိုယ့်ဘာသာကိုယ် တစ်​ယောက်တည်း လမ်း​လျှောက်ပြန်တာ​တော့ မဟုတ်ဘူး "

မန်​နေဂျာကျန်းခမျာ ​ကော်ဖီခွက်အား ​မှောက်ချပစ်လိုက်မိလုနီးပါးပင်။ " ဘာရယ် !!! မင်း မင်းဘာသာမင်း ဟိုတယ်ပြန်သွားတာမဟုတ်ဘူး​​ပေါ့ !!? မင်း အဆင်​ရော​ပြေရဲ့လား ??? ထိခိုက်တာ ဘာညာရှိလား ??? "

​ပေါ်ယွီ ​ခေါင်းယမ်းပြလိုက်ပြီး ​ခြေချိတ်ထိုက်ကာ စိတ်သက်သာရာရသွားဟန် ဖမ်းလိုက်သည်။ " ​နောက်ဆုံး​တော့ ခင်ဗျား ကျွန်​တော့်ကို ဂရုစိုက်ပြီပဲ။ ကျွန်​တော့်ကို ဘယ်သူ ပြန်ပို့​ပေးလဲဆိုတာ မသိ​ပေမယ့် ​သေချာတာက​တော့ ကျွန်​တော့်ဘာသာ တစ်​ယောက်တည်း လမ်း​လျှောက်ပြန်သွားတာမဟုတ်ဘူး "

" ကျွန်​တော်က အရက်မူး​နေတာလည်းမဟုတ်ဘူး။ သတိလစ်​နေတာလည်း မဟုတ်ဘူး။ အိပ်​ပျော်​နေရုံ​လေးတင်။ ဘယ်လိုလုပ် ကျွန်​တော်က လမ်းထ​လျှောက်နိုင်မှာလဲ ??? ဒါနဲ့ , မ​နေ့ညက ခင်ဗျား ကျွန်​တော့်အတွက် ပို့​ပေးလိုက်တဲ့ Driver ​ရော ? ဘယ်မှာလဲ ?? သူ့ကို ​မေးကြည့်ရမယ်။ ကျွန်​တော့်ကို ဟိုတယ်ပြန်လိုက်ပို့​ပေးတာ သူ ဟုတ်မဟုတ် ? "

မန်နေဂျာကျန်း အ​တော်​လေး ထူးဆန်းသွားသည်။ " ငါ မင်းကို ကား​မောင်းပြန်ပို့​ပေးဖို့ driver မလွှတ်ခဲ့ပါဘူး။ အစက​တော့ ငါ မင်းနဲ့အတူ ပင်လယ်​ဘေးက​နေ ကားစီးပြန်ကြဖို့ စီစဉ်ထားခဲ့တာပဲ။ ဒါ​ပေမယ့် ကားဘီးက ရုတ်တရက် ထ​ပေါက်လို့ ငါ့မှာ မင်းကို အချိန်မီ​တောင် လာမကြိုနိုင်ခဲ့ဘူး "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now