အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)

6.8K 1.1K 30
                                    

Scroll down for Zawgyi.

Unicode

စုန့်ရှီလင်နဲ့ သူ့အစ်ကိုကြီးတို့ဟာ  video call ထဲက​​နေတစ်ဆင့် တစ်​ယောက်ကိုတစ်​ယောက် နှုတ်ဆက်စကားဆိုလိုက်ကြသည်။ထို့​နောက် စုန့်ရှီလင်က laptop ကို ပိတ်ကာ အိပ်ခန်းထဲသွားရန် မတ်တပ်ထရပ်လိုက်သည်။

အိပ်ခန်းထဲ ​ရောက်,​ရောက်ချင်း စုန့်ရှီလင်၏ မျက်နှာ​ပေါ်က ဂရုမစိုက်သည့် ဟန်ပန်အမူအရာဟာ ချက်ချင်း လုံးလုံးလျားလျား ​ပျောက်ကွယ်သွားသည်။သူ အကူအညီမဲ့စွာနဲ့ ​ရှေ့ကို တိုး​လျှောက်သွားလိုက်ပြီး ကြမ်းပြင်​ပေါ်၌ တင်ပါး​တွေကို အ​ပေါ်ပင့်တင်​မြှောက်လျက် လှဲ​လျောင်း​​နေတဲ့ အမျိုးသား​လေးအား လက်နှင့်ပုတ်၍ ​ပြောလိုက်သည်။   " မင်း ဘယ်လိုလုပ် ထိမ်းမနိုင်သိမ်းမရဖြစ်​နေတာလဲ ??? "

​ပေါ်ယွီ မျက်နှာ​လေး နီမြန်းလာကာ ပြန်​ဖြေလိုက်သည်။   " ငါ ​လေ့ကျင့်ခန်း လုပ်​နေတာပါ​နော်။ ငါ ခန္ဓာကိုယ်​လေ့ကျင့်ခန်း လုပ်​နေတာ မမြင်ဘူးလား ??? မင်း​ရော ခန္ဓာကိုယ် တည်​ဆောက်ဖို့ ​လေ့ကျင့်ခန်းမလုပ်လို့လား ??? မင်း ​တောသား "

စုန့်ရှီလင် ကိုယ်ဟန်အ​နေအထားပုံစံ​တွေကို အမျိုးမျိုး ​ပြောင်းပြ​နေတဲ့ အမျိုးသားငယ်​လေးအား ကြည့်ရင်း မည်း​မှောင်​နေတဲ့ မျက်နှာနဲ့အတူ ​ဘေး၌ ၀င်ထိုင်လိုက်သည်။သူ့နှုတ်ခမ်းက စူပုတ်သွားပြီး ... " ဒါက ဇာတ်လမ်းရိုက်ရုံ​လေးပဲကို။ အရမ်းကြီး အလုပ်ကြိုးစား​နေဖို့ မလိုဘူးလားလို့ "

" ငါက အခု ငယ်ရွယ်နုပျို​နေတုန်း အလုပ်,လုပ်ထားရမယ်။ ငါ ပုလဲ​တွေ အဝါ​ရောင်​ပြောင်းသလို ဒါမှမဟုတ် ရင့်​ထော်​နေတဲ့ အသား​ခြောက်ကြီးလို အိုမင်းလာတဲ့အချိန်ကျရင် ငါ့​နေရာကို အဆုံးမရှိတဲ့ လတ်လတ်ဆတ်ဆတ် အသားတုံး​လေး​တွေက အစားထိုးသွားကြမှာ "   ​ပေါ်ယွီ ကိုယ်လက်လှုပ်ရှား​နေတာကို ရပ်တန့်ပစ်လိုက်၍ သူ့ကြွက်သား​တွေအား အ​ညောင်းအညာ​ပြေ​ ဆွဲဆန့်ရန် ခုတင်​ပေါ်တွင် မတ်တပ်ရပ်လိုက်သည်။   " အဲဒါ​ကြောင့် ငါ ကိုယ့်ကိုကိုယ် ဖြစ်နိုင်သမျှ မြန်မြန်​လေး တိုးတက်​အောင် လုပ်ရမယ်။ ငါ အဲဒီ sexy ကျလှပတဲ့ ​ကောင်စုတ်​လေး​တွေအတွက် ဘာအခွင့်အ​ရေးမှ ချန်မထားခဲ့နိုင်ဘူး "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now