Chapter 205

1.6K 187 1
                                    

Chapter-205

စူးယူလင်၏ မျက်နှာက အစိမ်းရောင်ပြောင်းလဲသွားခဲ့သည်။ သူကယီယွမ်ကို သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပါဝင်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့ပေရာ
သူကလူသေတစ်ဦးကို ကြည့်နေခဲ့သည့် အကြည့်မျိုးနှင့် တူညီလှပေ၏။

စူးယူလင်၏အဆက်အသွယ်များနှင့်ဆိုပါက ယန်ဟွာ၏အဆင့်အတန်းကို ဂရုစိုက်နေစရာမလိုပေ။

သို့သော် ယန်ဟွာက သူ့ကိုယ်သူကိုယ်စားပြု၍လာရောက်ခဲ့ခြင်း မဟုတ်ဘဲ ရွယ်ချိန်က သူ၏နောက်ကွယ်တွင် ရှိနေခဲ့ပေသည်။

ယနေ့ကိစ္စက အလွန့်အလွန်အရေးကြီးလှပေ၏။ စူးမိသားစုအတွက် အမှားအယွင်းအနည်းငယ်မျှပင် ပြုလုပ်၍မရပေ။ အကယ်၍သူက ရွယ်ချိန်ကို ဆန့်ကျင်ခဲ့မိကာ ဤကစားပွဲ၌ ရှုံးနိမ့်သွားမည်ဆိုပါက စူးယူလင်ဟူသော,သူမှာ စူးမိသားစုကို ဖျက်ဆီးလိုက်သောသူ ဖြစ်သွားပေလိမ့်မည်။

ထိုအချက်ကို စဉ်းစားကြည့်လိုက်ပြီးနောက် စူးယူလင်က သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး အရိုအသေပေးလိုက်သည်။ “စူးယူလင်က အဆင့်မြင့်အဖွဲ့ရဲ့ အတွင်းစည်းတပည့် ဆရာယီကို အရိုအသေပေးပါတယ်…..”

စူးယူလင်က “ယီ”ဟူသော နေရာတွင် ဆောင့်ကြီးအောင့်ကြီး ပြောဆိုလိုက်ခြင်းဖြင့် သူ၏မကျေနပ်မှုကို အနုနည်းဖြင့် ဖော်ထုတ်ပြသခဲ့၏။

သို့သော်ယီယွမ်က ထိုကိစ္စကို စိတ်ထဲမထားခဲ့ပေ။ သူကတဟဲဟဲရယ်မောလိုက်ပြီး ပြောဆိုခဲ့သည်။ “ကြည့်ရတာ စူးမိသားစုက ကျွန်တော့်ရဲ့ ငြိမ်သက်တိမ်တိုက်အဖွဲ့ကို တော်တော်လေးစားနေတာနဲ့တူတယ်… မဆိုးဘူး… မဆိုးဘူး… ဟာ နောက်ကြနေပြီမဟုတ်လား…
ဘာလို့လူတိုင်းက ဒီနေရာမှာ ဆက်ပြီးမတ်တတ်ရပ်နေကြတာလဲ...
ကျွန်တော့်ရဲ့ ခြေထောက်တွေ ထုံကျင်နေပြီး သွေးမလျှောက်တော့တဲ့အထိ ဖြစ်နေပြီ… ဂေဟာသခင်ဝမ် ဒါကခင်ဗျားရဲ့ဧည့်သည်တော်တွေကို ဆက်ဆံတဲ့ပုံစံတစ်ခုလား…..”

ဝမ်ဒွန်ဟိုင်၏စိတ်ထဲတွင် ဒေါသအလွန်ထွက်နေခဲ့ပြီဖြစ်၏။

ဘယ်သူကဒီနေရာမှာအချိန်ကုန်အောင်လုပ်နေပြီး လာရောက်လာတဲ့ပရိသတ်တွေကို စောင့်ဆိုင်းနေရအောင်လုပ်ထားတာလဲဟ…..

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now