Chapter 326

1.4K 165 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၆

Chapter-7

ဤဝူကျောက်က အလွန်သတိကြီးသော လူတစ်ယောက်ဖြစ်၍ ငြိမ်သက်တိမ်တိုက်အဖွဲ့နှင့် ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ တပည့်များကို မဟာဝင်္ကပါအတွင်းသို့ တစ်လှည့်စီ ဝင်ရောက်သွားစေခဲ့၏။ အကယ်၍ ယီယွမ်က လျှို့ဝှက်လှည့်စားမှု တစ်စုံတစ်ရာကို လုပ်ဆောင်လိုသည့်တိုင် သူ၏အဖွဲ့မှ လူတိုင်းကို အန္တရာယ်ကင်းအောင် ခေါ်ယူသွားရန် မဖြစ်နိုင်ပေ။ 

ဟင်းပန်းကန်များကို အန္တရာယ်ကင်းစေရန်အတွက် ကြွက်များကို သုတ်သင်ရှင်းလင်းခြင်း ဖြစ်သည်။ ဤအရာက ငြိမ်သက်တိမ်တိုက်အဖွဲ့၏ တပည့်များကို ဓားစာခံအဖြစ် ထားရှိခြင်း ဖြစ်ပေ၏။

ဝင်္ကပါ၏ စွမ်းအားကို လူတိုင်း နားလည်ကြပေသည်။ သူတို့က ခြေလှမ်းတစ်ချက် မှားသည်နှင့် ပြာမှုန်များဖြစ်သည်အထိ လောင်ကျွမ်းခြင်း ခံရပေမည်။

အကယ်၍ ယီယွမ်က လှည့်စားမှုအချို့ကို အမှန်တကယ် လုပ်ဆောင်ခဲ့ပါက ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့က ငြိမ်သက်တိမ်တိုက်အဖွဲ့၏ တပည့်များကို ဖမ်းဆီးတိုက်ခိုက်နိုင်မည် ဖြစ်၏။

မိန်ကျန်းက ငြင်းပယ်မည်ဟု စဉ်းစားလိုက်သောအခါ ယီယွမ်၏ လျှို့ဝှက်စကားသံက သူ၏စိတ်ထဲသို့ ရောက်ရှိလာခဲ့သည်။

"အကြီးအကဲမိန်… သူတို့ပြောတဲ့အတိုင်း လုပ်ပေးလိုက်ပါ… ဒီလိုမှမဟုတ်ရင် သူတို့က ကျွန်တော့်နောက်ကို စိတ်ဖြောင့်ဖြောင့်နဲ့ လိုက်လာနိုင်မှာ မဟုတ်ဘူး….."

ယီယွမ်ကို မိန်ကျန်းက အကြွင်းမဲ့ယုံကြည်ပေ၏။ သူကစကားနှစ်ခွန်းကိုသာ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ "ကောင်းပြီ….."

ထို့နောက် သူက မိုယုထန်ကို ဘာမှမဖြစ်သည့်ဟန်ဖြင့် ပြောခဲ့၏။ "အကြီးအကဲဝူပြောတဲ့အတိုင်း လုပ်ပါ… ဒီလိုမှမဟုတ်ရင် သူက စားဝင်အိပ်ပျော်မှာ မဟုတ်လောက်ဘူး… ယုထန်… မင်းက အကြီးအကဲကျောက်ရဲ့ နောက်ကိုလိုက်သွားလိုက်… ကျန်တဲ့သူတွေက ပြီးမှ လိုက်လာလိမ့်မယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now