Chapter 345

1.3K 145 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၇ )

Unicode

Chapter-12

"သခင်မလေး… မြန်မြန်လှုပ်ရှားပါတော့… ဒီလိုမျိုး ဆက်ဖြစ်နေမယ်ဆိုရင် ဆရာယီက ဆက်ပြီးတော့ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး….."

ယီယွမ်က သူ၏ကိုယ်ပိုင်ခွန်အားဖြင့် ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်ထူးချွန်သူ လေးယောက်ကို တစ်ဦးတည်း ရင်ဆိုင်နေသည်ကိုမြင်သော် ကူရာကယ်ရာမဲ့စွာဖြင့် အလွန်စိတ်ပူသွားခဲ့သည်။

သို့သော် လီအာက သူမ၏ခေါင်းကို ခါယမ်း၍ ပြောဆိုလိုက်၏။ "ဆရာယီမှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိနေမှာပဲ… ငါတို့က အလျင်စလို မလုပ်တာ ပိုကောင်းလိမ့်မယ်… ဒီလိုမှ မဟုတ်ဘူးဆိုရင် သူက စိတ်မကောင်းဖြစ်လိမ့်မယ်….."

"ဒါပေမဲ့ အဆင့်(5) ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်တစ်ယောက်က ဘေးကနေ လေ့လာနေတယ်လေ… ယီယွမ်က ဒီတစ်ကြိမ် ကံကောင်းထောက်မမှုနဲ့ ကြုံတွေ့ရဖို့က မဖြစ်နိုင်ဘူး မဟုတ်လား….." ယန်အာက မေးမြန်းခဲ့သည်။

"အဲဒီလိုဖြစ်လာမှာ မဟုတ်ဘူး… အရင်ဆုံး တိုက်ပွဲကို စောင့်ကြည့်ပြီးမှ ပြောကြတာပေါ့… အဆင့်(5) ပင်လယ်အသွင်ပြောင်းလဲခြင်း နယ်ပယ်ငချွတ်ကလေး တစ်ယောက်ပဲလေ… သူက ပြဿနာမရှိပါဘူး… တကယ်လို့ သူကတကယ်ပဲ မလုပ်နိုင်တော့ရင် ငါတို့က အဲဒီအချိန်မှ လှုပ်ရှားကြရင်လည်း နောက်မကျသေးပါဘူး….." လီအာက မေးလိုက်၏။

လန်ပေက ပုစဉ်းရင်ကွဲအသံနှင့် နောက်တွင်ရှိသော အမွေးထူငှက်လေးကို သတိမပြုမိခဲ့ပေ။ သူ၏အဆင့်ဖြင့် ထိုမိန်းကလေးနှစ်ယောက် ရှိနေသောနေရာကို သိရှိနိုင်ခြင်း မရှိပေ။ သို့သော် လက်ရှိအချိန်တွင် သူ၏အမူအရာက ကောင်းမွန်ခြင်းမရှိခဲ့ပေ။

လန်ဟူနှင့်လန်ဖုန်းတို့ နှစ်ယောက် တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သော်လည်း သူတို့က တိုက်ပွဲအခြေအနေကို ဖျက်ဆီးနိုင်ခြင်း မရှိသေးပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now