Chapter 305

1.4K 172 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၄ )

Chapter-14

လီအာနှင့် ယန်အာတို့က သူမတို့၏ နားများကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။ ယီယွမ်က အမှန်တကယ်ပင် ထိုအရာများကို သူမတို့အား ဤအတိုင်း ပေးအပ်တော့မည်လော။

ဤအရာများက နတ်ဘုရားစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်နှင့် အဆင့်(8) ဆေးလုံးဖော်မြူလာ တစ်ခု ဖြစ်ပေ၏။

နတ်ဘုရားနိုင်ငံတော်တွင်ပင် ဤအရာနှစ်ခုက မရေမတွက်နိုင်သော
လူများကို ရူးသွပ်သွားစေနိုင်သည်။ ယီယွမ်က ထိုအရာများကို ဤသို့ အလွယ်တကူ ပေးအပ်နိုင်မည်လော။

“ဆရာလေးယီ… ရှင်က ကျွန်မတို့ကို ဟာသလုပ်နေတာတော့ မဟုတ်ပါဘူးနော်…..” လီအာက မယုံကြည်နိုင်သည့်ဟန်ဖြင့် မေးမြန်းလိုက်၏။

ယီယွမ်ကလည်း ဤအရာနှစ်ခု၏ တန်ဖိုးကြီးမှုကို ကောင်းစွာ သိရှိပေသည်။ တစ်ဖက်လူများက ဤအမူအရာမျိုး ရှိနေခြင်းမှာ ထူးဆန်းသည့်ကိစ္စ မဟုတ်တော့ပေ။

သူ၏အချိန်ကို အလဟဿ မဖြုန်းတီးတော့ဘဲ ယီယွမ်က ကျောက်စိမ်းပြားနှစ်ခုကို ထုတ်ယူ၍ နတ်ဘုရားစိတ်ဝိညာဉ် လျှို့ဝှက်ပညာရပ်နှင့် အဆင့်(8)
ဆေးလုံးဖော်မြူလာတို့ကို ကျောက်စိမ်းပြားနှစ်ခုထဲသို့ ထည့်သွင်းပေးလိုက်၏။

“ယီယွမ်က မိန်းကလေးတို့နှစ်ယောက်ကို မယုံကြည်လို့ မဟုတ်ပေမဲ့ ဒီကိစ္စက ယီယွမ်အတွက် အလွန်အရေးကြီးနေလို့ပါ… ကျေးဇူးပြုပြီးတော့ မိန်းကလေးတို့နှစ်ယောက်က မိုးကောင်းကင်တာအိုကို တိုင်တည်ပြီး သစ္စာပြုပေးနိုင်မလား… ဒီကျောက်စိမ်းပြားနှစ်ခုရဲ့ မူလအရင်းအမြစ်ကို စတုတ္ထမြောက် ပုဂ္ဂိုလ်တစ်ယောက် သိလို့ လုံးဝမဖြစ်ပါဘူးနော်…..”

ဤအရာကလည်း ဖြစ်သင့်သော ကိစ္စတစ်ခုဖြစ်ပေသည်။ လီအာနှင့်ယန်အာတို့က မိုးကောင်းကင်တာအိုကို တိုင်တည်၍ သစ္စာဆိုခဲ့ကြပြီးနောက် ယီယွမ်က ကျောက်စိမ်းပြားနှစ်ခုကို လီအာဆီသို့ ပေးအပ်ခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now