Chapter 337

1.4K 160 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ- ဖြိုးသူဝင်း

စာစဉ် ( ၂၇ )

Unicode

Chapter-4

ယီယွမ်က ထိုသိုလှောင်လက်စွပ် အတွင်းသို့ သူ၏ နတ်ဘုရားစိတ်အာရုံကို ထည့်သွင်းလိုက်ပြီး အထဲရှိ သဘာဝသလင်းတုံးများနှင့် ဆေးဖက်ဝင်ပစ္စည်းများကို စစ်ဆေးလိုက်ပေသည်။

"ငါတို့အကြီးအကဲ သုံးယောက်မှာပဲ အဆင့်မြင့် သဘာဝသလင်းတုံးတွေ ရှိနေတာပါ… အဲဒါကလည်း ၃၀တုံးလောက်ပဲရှိတယ်… ကျန်တဲ့ပမာဏတွေကို အလယ်အလတ် သဘာဝသလင်းတုံးတွေနဲ့ အဆင့်နိမ့် သဘာဝသလင်းတုံးတွေအဖြစ် ပြောင်းလဲထားခဲ့တယ်… တစ်တုံးမှ မလိုအပ်ဘူး….." ဝူကျောက်က ယီယွမ်စစ်ဆေးနေသည်ကို မြင်သော် တည်ကြည်သော အကြည့်ဖြင့် ကြည့်၍ ပြောဆိုလိုက်၏။

ယီယွမ်၏ ရေတွက်နိုင်စွမ်းက ကောင်းကင်ဘုံကို အလွန်အမင်း ဆန့်ကျင်နေခဲ့ပြီ ဖြစ်သည်။ သူက အသာအယာ စစ်ဆေးလိုက်သည်နှင့် ဝူကျောက်ပြောသည်က မှားယွင်းခြင်းမရှိကြောင်း သိရှိသွားခဲ့၏။

"ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ တကယ်ကို ချမ်းသာတာပဲ… လျှို့ဝှက်နယ်မြေကို လာတဲ့ခရီးမှာတောင် ဒီလောက်များပြားတဲ့ သဘာဝသလင်းတုံးတွေကို ယူဆောင်လာကြတယ်… အမ်… ကြည့်ရတာ ခင်ဗျားတို့က အဆင့်နိမ့် သဘာဝသလင်းတုံး ၁၀တုံး လိုနေသေးတာပဲ… ထားလိုက်ပါတော့လေ… လူတိုင်းပြောကြတာကတော့ ပိုပြီးချမ်းသာတဲ့သူက ပိုပြီးရက်ရောတတ်တယ်တဲ့… အဲဒါက တကယ်ကိုပဲ မှန်ကန်နေတယ်… ဒါဆိုရင်… ဒီအရာတွေကို ပေးအပ်တဲ့အတွက် အကြီးအကဲဝူကို ကျေးဇူးအများကြီး တင်ပါတယ်….." ယီယွမ်က လက်သီးလက်ဝါးဆုပ်၍ ပြောလိုက်သည်။

ဝူကျောက်က မှင်တက်သွားခဲ့၏။ ယီယွမ်က အကြည့်တစ်ချက်ဖြင့် ထိုပမာဏကို စစ်ဆေးနိုင်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။ ထို့ပြင် သူက အဆင့်နိမ့် သဘာဝသလင်းတုံး ၁၀တုံး လိုနေသည်ကိုပါ ပြောနိုင်ခဲ့ပေ၏။ စောစောလေးက ယီယွမ်၏ စစ်ဆေးမှုက သတိလက်လွတ် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း လူတိုင်းသိမြင်နိုင်သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now