Chapter 247

1.5K 181 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၀ )

Chapter-11

ယီယွမ်ကလည်း ထိုအတိုင်း မြင်တွေ့နိုင်ပေ၏။ သူ၏အကြည့်များကလည်း အလင်းဖြူကို မသေချာမရေရာသော အကြည့်များဖြင့် ကြည့်နေခဲ့သည်။

အလင်းဖြူက သူ၏အမြီးကို ခါယမ်းနေသည်မှာ ကြွားဝါနေသည့်ပုံ ပေါက်နေခဲ့၏။

"အင်း... အလင်းဖြူက ဒီဗိုင်းသားရဲတစ်ကောင် ဖြစ်လာမဲ့ အဆင့်အတန်း ရှိနေတယ်လို့များ ဆိုလိုနေတာလား... ဒီလောကကြီးက ဒီဗိုင်းသားရဲတွေကို မွေးဖွားပေးနိုင်ခဲ့တယ်ဆိုရင် နတ်တန်ခိုးရှင်နယ်ပယ် ထူးချွန်းသူတွေကိုလည်း မွေးဖွားပေးနိုင်တယ်မဟုတ်လား....." ယီယွမ်က သူ့ကိုယ်သူ ပြောဆိုလိုက်သည်။

အလင်းဖြူက နောက်ထပ်တစ်ကြိမ် အသံတိုးတိုး ဟိန်းဟောက်ခဲ့၏။ ထိုမြင်ကွင်းကိုမြင်သော် ယီယွမ်က အူတက်သည်အထိ ရယ်မော၍ ပြောဆိုလိုက်သည်။ "ဟားဟား... လုပ်ထား အလင်းဖြူရေ... ငါတို့ရဲ့တာအိုကို ခိုင်မာအောင်လုပ်ပြီး နတ်တန်ခိုးရှင်အဖြစ် အတူတူအဆင့်တက်သွားကြမယ်....."

ယီယွမ်၏စကားများကို ကြားသော် အလင်းဖြူ၏ ကျားခေါင်းလေးက ယီယွမ်ဆီသို့ တိုးဝှေ့ဝင်ရောက်လာခဲ့ပုံမှာ အလွန်ချစ်စရာ ကောင်းနေသည့်ပုံ ပေါ်နေခဲ့၏။

ဤကောင်လေး၏ ရည်မှန်းချက်ကလည်း သေးငယ်ခြင်းမရှိသည်မှာ ထင်ရှားနေခဲ့သည်။

. . . . . .

နောက်တစ်နေ့တွင် ယီယွမ်က ကြယ်တာရာထောက်ပံ့ရေးဂေဟာသို့ ရောက်ရှိလာခဲ့၏။

ယီယွမ်၏အမှတ်များက သူ့အတွက် အချိန်အတော်ကြာ အသုံးပြုရန် လုံလောက်သော်လည်း ခရမ်းရောင်ဗဟိုစိတ်ဝိညာဉ်မန္တန်ကို လဲလှယ်ရန်အတွက် လိုအပ်သော အမှတ်များကို လုံလောက်စွာ ရရှိနိုင်ရန် လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားခဲ့သည်။

အမှတ်များကို ရရှိရန်အတွက် ယီယွမ်က ကြယ်တာရာထောက်ပံ့ရေးဂေဟာသို့ လာရောက်၍ မစ်ရှင်များ ရွေးချယ်ရယူရန် လိုအပ်ပေ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now