Chapter 353

1.4K 144 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၈ )

Chapter-6

"အမ်… မင်းကို ရက်အနည်းငယ်ကြာ မတွေ့ခဲ့ရုံလေးနဲ့ မင်းက တကယ်ပဲ စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်ကို ချိုးဖျက် တက်ရောက်သွားခဲ့ပြီပဲ….."

ယီယွမ်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အော်ရာကို အာရုံခံမိသောအခါ လန်ဖုန်းက အံ့ဩသွားခဲ့သည်။

သို့သော် ထိုအရာက အနည်းငယ် အံ့အားသင့်သွားခြင်းသာ ဖြစ်ပေ၏။ အဆင့်(1) စိတ်သလင်းဖြစ်တည်ခြင်း နယ်ပယ်တစ်ယောက်၏ ခွန်အားက သူ့ကိုတုန်လှုပ်စေရန် အဆင့်မမီပေ။

လန်ဖုန်းက အမှန်တကယ် စိုးရိမ်နေသည်မှာ ထိုရုပ်သေးများဖြစ်သည်။ သို့သော် သူ့တွင်လည်း သူ့ကိုယ်ပိုင်အစီအစဉ် ရှိပေ၏။ သူက ဝင်္ကပါအတွင်းသို့ ဝင်ရောက်ခြင်းမပြုခဲ့လျှင် ယီယွမ်က သူ့ကို မည်သည့်အရာမှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

သို့သော် ယီယွမ်က လန်ဖုန်းကို မြင်လိုက်သောအချိန်တွင် သူကပြုံးဖြဲဖြဲလုပ်၍ ပြောလိုက်သည်။ "မင်းရဲ့အတင့်ရဲမှုက နည်းနည်းနောနော မဟုတ်ပါလား… ဒီနေရာမှာ ငါ့ကိုတစ်ယောက်တည်းနဲ့ တားဆီးရဲတယ်ပေါ့….."

"ကိစ္စမရှိဘူး… ငါကငါ့ရဲ့အဖွဲ့သားတွေဆီကို အကူအညီတောင်းပြီးသွားပြီ… ငါလုပ်ရမှာက သူတို့ရောက်လာတဲ့အချိန်အထိ တောင့်ခံတားဆီးထားဖို့ပဲ… မင်းရဲ့အဲဒီရုပ်သေးတွေက အစွမ်းထက်တာမှန်ပေမဲ့ မင်းက ငါ့ကိုမြန်မြန်ဆန်ဆန် အနိုင်ယူဖို့ အရည်အချင်း မရှိသေးဘူး….." လန်ဖုန်းက လှောင်ပြောင်ပြောဆိုခဲ့၏။

ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး၏ သိုင်းပညာရှင်များက သူတို့၏ သိုင်းပညာစွမ်းအားကိုသာ အားကိုးအားထား ပြုလေ့ရှိကြပြီး အပြင်ဖက် အထောက်အကူ ပစ္စည်းများ၏ ကူညီပေးမှုကို နှစ်သက်ခြင်းမရှိကြပေ။ သူတို့က ယီယွမ်၏နည်းလမ်းများကို အလွန်အမင်း

အထင်သေးနေခဲ့ကြသည်။

လန်ဖုန်းက ယီယွမ်၏မျက်နှာတွင်

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now