Chapter 373

1.5K 149 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၉ )

Chapter-12

(အလင်းဖြူ၏ တစ်ကိုယ်တော် ကျွမ်းကျင်မှု)

ယီယွမ်ကိုယ်တိုင်ပင် ဗဟိုမြို့တော်၏ ခမ်းနားသော အခြေအနေကြောင့် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရ၏။

အဝေးမှကြည့်လိုက်သောအခါ ဤအရာက အထီးကျန်နေသော ရှေးဟောင်းသားရဲကြီး တစ်ကောင်က လူအများကို ကြည်ညိုလေးစားပြီး မြတ်နိုးစေသည့် အော်ရာတစ်ခု ထုတ်ပေးနေသည်နှင့် တူညီပေသည်။

ဤအရာက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး၏ သိုင်းပညာရှင်အားလုံးအတွက် တော်ဝင်နယ်မြေဖြစ်၏။

ဤနေရာက မြို့တော်တစ်ခု ဖြစ်နေသောကြောင့်သာ မဟုတ်ဘဲ လေအင်ပါယာ ရှိနေသော နေရာတစ်ခု ဖြစ်နေခဲ့၍သာ ဖြစ်ပေသည်။

အကန့်အသတ်မဲ့နယ်ပယ် ပုဂ္ဂိုလ်က ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးတွင် နတ်ဘုရားကဲ့သို့ အဆင့်အတန်းဖြစ်၏။

ယီယွမ်က လေအင်ပါယာကို လေးစားကြည်ညိုမှု အများကြီးမရှိသော်လည်း သူက လေအင်ပါယာ၏ ရှေ့မှောက်တွင် ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ အခြေအနေတွင်သာ ရှိနေခဲ့မည်ကို လက်ခံပေသည်။

သူက မြို့တော်၏ဝင်ပေါက် တံခါးဆီသို့ ရောက်ရှိတော့မည့် အချိန်တွင် ယီယွမ်က တစ်စုံတစ်ရာ မှားယွင်းနေသည်ကို လျင်လျင်မြန်မြန်ပင် တွေ့ရှိသွားခဲ့၏။

မြို့တော်ထဲသို့ ဝင်ရောက်နေကြသော သိုင်းပညာရှင်များမှာ အလွန့်အလွန် ရှည်လျားသော အတန်းကြီးတစ်ခုအဖြစ် စီတန်းနေကြရာ မြို့တော်မှ မိုင်ပေါင်းများစွာ အကွာအဝေးသို့ပင် ရောက်ရှိနေခဲ့သည်။

ယီယွမ်၏အမြင်အာရုံက အလွန့်အလွန် ကောင်းမွန်ပေ၏။ ဝင်ပေါက်တံခါးဝတွင် လူအများက နှံ့နှံ့စပ်စပ် စစ်ဆေးခံနေရသည်ကို သူက သတိပြုမိခဲ့သည်။

ယီယွမ်ကလည်း လူတန်းထဲတို့ တန်းစီဝင်လိုက်၏။ သူက သိုင်းပညာရှင်တစ်ယောက်ကို နူးညံ့စွာ မေးမြန်းခဲ့သည်။ "ဒီကအစ်ကို… ညီငယ်လေးက ဒီတစ်ကြိမ်မှာ မြို့တော်ကို ပထမဦးဆုံး ရောက်ရှိလာခဲ့တာပါ… စစ်ဆေးတာတွေက အမြဲတမ်း ဒီလိုမျိုးပဲ အလွန်တင်းကြပ်တာလား… တကယ်လို့ သူတို့က ဒီလိုပဲ ဆက်လက်

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now