Chapter 282

1.6K 172 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ- ဖြိုးသူဝင်း

စာစဉ်  ( ၂၃ )

Chapter-5

ယီယွမ်က နောက်ဆုံးအဆင့် ပြိုင်ပွဲသို့ တက်ရောက်သွားသော သတင်းက တပည့်များအကြားတွင် အကြီးအကျယ် ပွက်လောရိုက်သွားစေခဲ့သည့် အပြင် ငြိမ်သက်တိမ်တိုက်အဖွဲ့ ထိပ်တန်းအကြီးအကဲများတွင်ပါ ထိုသတင်းက နာမည်ကြီးသွားခဲ့သည်။

သို့သော် ထိုတပည့်များနှင့် မတူသည်မှာ အကြီးအကဲများအားလုံးက မှော်ဆေးပညာတာအိုတွင် ယီယွမ်၏ ဥာဏ်အလင်းပွင့်မှုက တုန်လှုပ်စရာကောင်းလောက်အောင်ပင် ထူးခြားပြောင်မြောက်ကြောင်း ကောင်းစွာ သိရှိပေ၏။

တစ်ချိန်တည်းမှာ မှော်ဆေးပညာတာအိုနဲ့ သိုင်းပညာတာအို နှစ်ခုစလုံးကို ဒီလောက်အထိ အံ့အားသင့်စရာ ကောင်းလောက်အောင် ကျင့်ကြံထားနိုင်တယ် ဆိုတော့ ဒီကောင်လေးက လူတစ်ယောက်မှ ဟုတ်သေးရဲ့လား…..

“လူသားတွေရဲ့ ခွန်အားတွေနဲ့ လုပ်လို့မရတဲ့ အချိန်တွေလည်း ရှိတယ်လေ… ယီယွမ်ရဲ့နောက်မှာရှိတဲ့ ဆရာက ဘယ်လိုအဆင့်အတန်းမျိုးလဲ ဆိုတာ ငါတကယ်ကို နားမလည်တော့ဘူး… ယီယွမ်လို အမှိုက်ကောင်မျိုးကို အဆင့်မြင့်လာအောင် တကယ်ပဲ လုပ်ဆောင်ပေးနိုင်ခဲ့တယ်…..”

“သူက ဘယ်လိုအဆင့်အတန်းမျိုး ရှိနေပါစေ… သူကငါတို့ ငြိမ်သက်တိမ်တိုက်အဖွဲ့ ရန်စစော်ကားလို့ရတဲ့ အဆင့်အတန်းမျိုး မဟုတ်ဘူး… ယီယွမ်ရဲ့ဆရာက အဆုံးမဲ့ကမ္ဘာကြီးရဲ့ ထပ်ဆုံးနေရာက ပုဂ္ဂိုလ်ကြီးတွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်လိမ့်မယ်လို့ ငါထင်တယ်… အဲဒီအရှင်က မကြာခင်မှာ နတ်ဘုရားနိုင်ငံတော်ကို တက်ရောက်တော့မှာဖြစ်လို့ သူ့ရဲ့ ပညာကိုဆက်ခံဖို့အတွက် တပည့်တစ်ယောက်ကို ရှာဖွေဖို့ ရုတ်တရက်ကြီး စိတ်ကူးမိသွားလို့ ယီယွမ်အပေါ် မျက်စိကျသွားတာထင်တယ်… ဒါပေမဲ့ ဆရာက တပည့်ကို အစပိုင်းပဲ လမ်းညွှန်ပေးနိုင်တာလေ… တပည့်တွေရဲ့ ကျွမ်းကျင်မှုက သူတို့ကိုယ်တိုင် ကြိုးစားအားထုတ်မှုအပေါ်မှာ မူတည်နေတယ်… ယီယွမ်က ဒီလောက်အထိ ထူးချွန်တဲ့အခြေအနေ ရောက်အောင် တိုးတက်လာခဲ့တယ်ဆိုတော့ အဲဒီအချက်က သူ့ရဲ့ ကိုယ်ပိုင် အင်တိုက်အားတိုက် ကြိုးစား လုပ်ဆောင်မှုတွေကနေ ခွဲခြားလို့မရနိုင်ဘူး…..” ရှောင်ကျင့်က သူ၏ထင်မြင်ချက်ကို ပြောကြားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now