Chapter 235

1.7K 199 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၉ )

Chapter-13

သူ၏ စိတ်ဝိညာဉ်ခွန်အားကို စမ်းသပ်ကြည့်လိုက်ပြီးနောက် ယီယွမ်က အလွန်ဝမ်းသာသွားခဲ့သည်။

အမှန်တကယ်တွင် ဤကဲ့သို့ စိတ်ဝိညာဉ်စုတ်ပြဲသလို နာကျင်မှုမျိုးက အကျိုးသက်ရောက်မှု မရှိခြင်းတော့ မဟုတ်ပေ။ သူ၏လက်ရှိ စိတ်ဝိညာဉ်ခွန်အားက အမှန်တကယ်ပင် အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်မာစတာအဆင့်သို့ ရောက်ရှိသွားခဲ့ပေ၏။

ထို့ပြင် သူ၏စိတ်ဝိညာဉ်ခွန်အားက သာမန် အဆင့်မြင့်အဆင့် မှော်ဆေးပညာရှင်မာစတာများထက် အများကြီးသန်မာနေခဲ့ပြီဖြစ်ကြောင်း ယီယွမ်က သိရှိနေခဲ့သည်။

ဒီဗိုင်းစာလုံးက အမှန်တကယ်ပင် ခန့်မှန်း၍မရလောက်အောင် အစွမ်းထက်ပေ၏။

ထိုရွှေရောင်စာလုံးများကို ပိုင်ဆိုင်ရရှိခဲချိန်ကတည်းက သူ၏အသိစိတ်ပင်လယ်အတွင်း၌ တိုးတက်ပြောင်းလဲမှုများကို မကြာခဏကြုံတွေ့နေခဲ့ရသည်။ သို့သော် ဤတစ်လကျော်အချိန်အတွင်း၌ တိုးတက်မှုများ လုံးဝမရှိခဲ့ပေ။

သူ၏ဖခင် ဂျိကျန်းယန်က သူကအသိပညာအချို့ကိုသာ အကန့်အသတ်ဖြင့် သိရှိခဲ့ရသည်ဟု ပြောခဲ့ခြင်းမှာ အံ့ဩစရာမရှိတော့ပေ။

အလွန်ခဲယဉ်းလှပေသည်။

စာလုံးတိုင်း ရိုက်ချက်တိုင်းက မဟာတာအို၏ သဘောသဘာဝများ ပါဝင်နေခဲ့၏။ ယီယွမ်က သိုင်းပညာတာအိုတွင် အထွတ်အထိပ်နေရာ၌ ရပ်တည်နိုင်သော်လည်း တာအိုတစ်ခုလုံးကို နားလည်သဘောပေါက်ရန်မှာ ခက်ခဲလှပေသည်။

သို့ရာတွင် ထိုရွှေရောင်စာလုံးများက သူတို့ကိုယ်ပိုင် အသက်ရှိနေသည်နှင့် တူလှပေ၏။ ယီယွမ်အဆင့်တက်ရောက်သွားသည့် အချိန်တိုင်း သုတို့ဘာသာသူတို့ ထွက်လာခဲ့ကြပြိး ယီယွမ်၏ စိတ်ဝိညာဉ်ပြောင်းလဲခြင်းကို ကူညီပေးကြပေသည်။

မည်သို့ပင်ဖြစ်စေကာမူ ဤအရာက ယီယွမ်အတွက် ကောင်းသောအရာတစ်ခုဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now