Chapter 280

1.5K 176 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ်  ( ၂၃ )

Chapter-3

“ဟမ့်… ကြည့်ရတာ ဒီတဏှာရူးက ငါ့ရဲ့ အလှအပအောက်မှာ သေချာပေါက် တပ်မက်သွားခဲ့တာကြောင့် သူက အခြားသူတွေနဲ့ အလွန်ကွာခြားစွာ ပြုမူနေတာပဲ… အဲဒီလိုဆိုရင်တော့ ဒီသခင်မလေးက သူ့ရဲ့ ကိုယ်ပိုင်ကစားပွဲထဲမှာ သူ့ကိုရိုက်နှက်ပေးရမှာပေါ့… ဒီတဏှာရူးကို ငါကနည်းနည်းလောက် လှည့်စားပေးရဦးမှာပေါ့…..”

ထန်ယုအာက သူမ၏ရုပ်ရည် အလှအပပေါ်တွင် ယုံကြည်မှုရှိနေသည့်အပြင် ပုံရိပ်ယောင်စွမ်းရည်များ ရှိနေပေသည်။ ယီယွမ်ကဲ့သို့ စိတ်မြန်လက်မြန်ရှိသော လူငယ်လေးတစ်ယောက်ကို ရင်ဆိုင်ရခြင်းက သူမအတွက် ခွန်အားစိုက်ထုတ်ရန်ပင် မလိုအပ်သော အရာတစ်ခုသာ မဟုတ်ပေလော။

တွေးကြည့်ရမည်ဆိုပါက ပုံရိပ်ယောင်လောကတွင်း၌ ယီယွမ်၏ အခွင့်အရေးယူမှုကို ခံစားနေခဲ့ရ၍ ထိုပုံရိပ်ယောင်လောကမှ ထန်ယုအာက သူမအစစ်အမှန် မဟုတ်သော်လည်း ထန်ယုအာက ရွံရှာဖွယ်ကောင်းသော ခံစားချက်တစ်ခုကို ခံစားနေခဲ့ရ၏။

“ကျေးဇူးပြုပြီး ဒေါသကို ထိန်းသိမ်းပေးပါ… ကျွန်မတို့မိသားစု သခင်မလေးပြောတာက တကယ်လို့ သခင်လေးရဲ့ ရင်ခွင်မှာ မိန်းမတစ်ဦးကို နေရာပေးမထားခဲ့ရင် သူမက သခင်လေးအပေါ် စိုးရိမ်နေတာကနေ စိတ်သက်သာရာ ရသွားခဲ့ပါပြီတဲ့… တောင်းပန်လိုတဲ့ စိတ်ဆန္ဒကြောင့် မိန်းကလေးထန်က အထူးခန်းမမှာ ဧည့်ခံပွဲတစ်ခု ကျင်းပပြီး သခင်လေးယီကို အဲဒီဧည့်ခံပွဲဆီ ကြွရောက်ပေးဖို့ ဖိတ်ကြားလိုက်ပါတယ်…..” အစေခံက သက်တောင့်သက်သာဖြင့် ပြောဆိုလိုက်သည်။

ထိုစကားကိုကြားသော် ယီယွမ်၏ မျက်လုံးများတွင် ပျော်ရွှင်ကြည်နူးသွားသည့် အရိပ်အယောင်တစ်ခုက ဖြတ်ပြေးသွားခဲ့ပြီး တိတ်တဆိတ် လေ့လာနေခဲ့သည့် ထန်ယုအာက  ထိုအခိုက်အတန့် အပြုအမူကို မြင်တွေ့သွားခဲ့၏။

“ဟမ့်… တကယ်ကို အောင်မြင်ဖို့ ခက်ခက်ခဲခဲ လုပ်ဆောင်နေတာပဲ… ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ မင်းကိုဘယ်လို ကစားပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်စမ်းပါ….” ထန်ယုအာက အေးစက်စွာဖြင့် လှောင်ပြောင် ရယ်မောလိုက်ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now