Chapter 321

1.4K 174 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၆ )

Unicode

Chapter-2

"ယီယွမ်....."

"ယီယွမ်....."

"မင်းအဆင်ပြေရဲ့လား ယီယွမ်....."

ယီယွမ်က ရုတ်တရက် လဲကျသွားသည်ကိုမြင်သော် ငြိမ်သက်တိမ်တိုက်အဖွဲ့ တပည့်များက ပြန်ဆုတ်ခွာလာခဲ့ပြီး သူ့ကိုလျင်မြန်စွာ ဝန်းရံပေးလိုက်ကြ၏။

"စီနီယာအစ်ကိုမို... ယီယွမ်ဘာဖြစ်သွားတာလဲ... ပြဿနာတစ်ခုခု ရှိနေတာလား....." ထျန်းယွီက စိုးရိမ်စွာဖြင့် မေးမြန်းခဲ့သည်။

မိုယုထန်က သူ့အား စကားဆက်မပြောရန် လက်ခါပြလိုက်ပြီး ယီယွမ်၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်၏။

အချိန်အတော်ကြာပြီးနောက် မိုယုထန်က စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချ၍ ပြောခဲ့သည်။ "အဓိက ပြဿနာကြီးတော့ မဟုတ်ပါဘူး....."

မိုယုထန်က ထိုသို့ ပြောလိုက်သည်ကို ကြားသော် လူတိုင်းက စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်ကြ၏။

"ယီယွမ်ကအဆင်ပြေနေရင် ဘာလို့သတိလစ် သွားရတာလဲ....."

မေးမြန်းလိုက်သောသူမှာ ဖန်းဝမ်နန်ဖြစ်သည်။ သူကယီယွမ်၏ ဆေးလုံးကို သောက်သုံးခဲ့ပြီးနောက် လက်ရှိအချိန်တွင် သူ၏အပြင်ဒဏ်ရာများက အားလုံးနီးပါး ကောင်းမွန်နေခဲ့ပြီ ဖြစ်၏။ ထိုလက်မောင်းတစ်ဖက်ကို ပြန်မရနိုင်တော့သော အချက်တစ်ချက်သာ ရှိနေခဲ့သည်။

ယီယွမ်က သတိလစ်သွားသည်ကို မြင်သော် သူကလည်း အလွန့်အလွန် စိုးရိမ်သွားခဲ့၏။

ယခင်က သူနှင့်ယီယွမ်တို့မှာ အဖွဲ့တစ်ခုတည်းမှ တပည့်များအကြား ရင်းနှီးမှုသာ ဖြစ်ပေသည်။ သို့သော်ယနေ့မှစ၍ သူတို့က အန္တရာယ်များကို အတူရင်ဆိုင်ကြမည့် သူငယ်ချင်းများ ဖြစ်သွားကြပြီဖြစ်၏။

သေခြင်းရှင်ခြင်း အခြေအနေများ၏ စမ်းသပ်ခြင်းခံထားရသော
သူငယ်ချင်းများက ဒုက္ခများကို ပို၍ကောင်းမွန်စွာ ရင်ဆိုင်နိုင်ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now