Chapter 299

1.4K 188 3
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၄  )

Chapter-8

မိုးကုတ်စက်ဝိုင်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသော လှေပျံကိုကြည့်၍ နန်ဖိန်ဇီရိုက တစ်စုံတစ်ရာကို ဆုံးရှုံးသွားသည့် ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

“ဟူး… ကြည့်နေတာကို ရပ်လိုက်တော့… သူကငါတို့နဲ့ ကမ္ဘာတစ်ခုခြားနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပြီ…..” သူမ၏နောက်မှ နန်ဖိန်လျှိုချင်က သက်ပြင်းချ၍ ဖျော့တော့စွာ ပြောလိုက်၏။

နန်ဖိန်ဇီရိုက အနောက်သို့ လှည့်လိုက်ချိန်တွင် သူမ၏လှပသော မျက်ဝန်းများတွင် မျက်ရည်များ ရစ်သိုင်းနေခဲ့သည်။

မည်သည့်အတွက်ကြောင့်မှန်း မသိသော်လည်း နန်ဖိန်လျှိုချင်က ထိုသို့ပြောသည်ကို ကြားလိုက်ရသောအချိန်တွင် သူမ၏စိတ်ကို လွန်ဆန်၍ မျက်ရည်များ ကျဆင်းလာခဲ့၏။

“ဒေါ်လေး… ကျွန်မ… ကျွန်မ…..” နန်ဖိန်ဇီရိုက သူမ၏စကားများကို မဆက်နိူင်တောဘဲ ဆို့နင့်နေခဲ့သည်။

နန်ဖိန်ဇီရိုက ဤသို့ခံစားနေရသည်ကို မြင်သော် နန်ဖိန်လျှိုချင်ကလည်း သူမ၏နှလုံးသားထဲတွင် ပူဆွေးမှုတစ်ခုကို ခံစားနေခဲ့ရ၏။

သူမ၏တူမလေးက ဤသို့ဖြစ်နေခဲ့သော်လည်း သူမက မည်သည့်အတွက် ထိုမျှအထိ မခံစားခဲ့ရသနည်း။

အဘယ်ကြောင့်ဆိုသော် သူမ၏ခံစားချက်များကို နန်ဖိန်ဇီရိုထက် အများကြီးပိုမို ထိန်းချုပ်နိုင်ခဲ့၍ နန်ဖိန်ဇီရိုကဲ့သို့ အမူအရာမျိုး ဖြစ်ပေါ်မလာခဲ့ပေ။

စတင်တွေ့ဆုံခဲ့ချိန်မှစ၍ ယီယွမ်၏ ပုံရိပ်က နန်ဖိန်လျှိုချင်၏ စိတ်ထဲတွင် ခိုင်ခိုင်မာမာ စွဲမြဲနေခဲ့သည်ကို မည်သူကသိရှိနိုင်မည်နည်း။

သို့သော် အချိန်များ ကုန်ဆုံးလာသည်နှင့် ယီယွမ်နှင့် သူမတို့အကြားတွင် ဖြတ်ကျော်၍ မရနိုင်အောင် ကြီးမားသော ကွာခြားချက်တစ်ခု ရှိနေပြီဖြစ်ကြောင်း နန်ဖိန်လျှိုချင်က ရုတ်တရက် သတိထားမိသွားခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now