Chapter 215

1.6K 182 3
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၈ )

Chapter-215(a)

စူးယူလင်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ မျက်လုံးအစုံက ယီယွမ်ကို မီးထွက်တော့မတတ် ကြည့်ရှုနေခဲ့သည်။

ခန့်မှန်းတွေးတောခြင်းက ကိစ္စတစ်ခုဖြစ်သော်လည်း ယီယွမ်က သူ၏ကိုယ်ပိုင်နှုတ်မှ ဖွင့်ဟဝန်ခံခြင်းက နောက်ထပ်ကိစ္စတစ်ခုဖြစ်၏။

အခြေအနေလက္ခဏာရပ်အားလုံးက စူးရီရှန်း၏ အသက်ရှင်သန်ပြီး ပြန်လည်ရောက်ရှိလာရန် အခွင့်အရေးက အလွန်နည်းပါးသည်ဟု မီးမောင်းထိုးပြနေသော်လည်း ဖခင်တစ်ယောက်အနေဖြင့် သူ၏သားက ဘေးရန်ကင်းကင်းဖြင့် ပြန်လည်ရောက်ရှိလာရန် မျှော်လင့်နေခဲ့သည်။

အဆုံးမဲ့တောအုပ်အတွင်း၌ ယီယွမ်နှင့် တိုက်ခိုက်ရခြင်းမဟုတ်ဘဲ မိစ္ဆာသားရဲအချို့ နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ၍ သူတို့ကအမှန်တကယ် သေဆုံးသွားခဲ့ရခြင်းလည်း ဖြစ်နိုင်ပေ၏။

သို့သော် ယီယွမ်ဆီမှ ထွက်ပေါ်လာသော ထိုစကားများက သူ၏နောက်ဆုံးမျှော်လင့်ချက်လေးကို ပြိုလဲပျက်စီးသွားစေခဲ့ပြီဖြစ်သည်။

“မဖြစ်နိုင်ဘူး… စူးမိသားစုနဲ့ ယီမိသားစုတို့ရဲ့ ရန်ကြွေးက ဒီလောက်အထိ ပြင်းထန်နေပြီပဲ… အဲဒါဆိုရင် စောစောက စူးယူလင်ရဲ့ ဆွယ်ယူပြောဆိုတာက ဟာသတစ်ခုဖြစ်သွားပြီ မဟုတ်လား…..”

“ဟုတ်တယ်… ဒီနေ့လို အရေးကြီးတဲ့ အခွင့်အရေးကြီးမှာ စူးယူလင်က သူ့သားကို ခေါ်မလာခဲ့တာ မထူးဆန်းတော့ပါဘူး… ကြည့်ရတာ သူ့သားကို ယီယွမ်က သတ်လိုက်ပြီပဲကိုး…..”

“ဟူး… ဒီယီယွမ်က ငယ်ရွယ်ပြီးတော့ အဆုံးမှာ မဆင်မခြင်ပြုလုပ်တတ်တဲ့သူတစ်ယောက်ပဲ… နန်ဖိန်မိသားစုက အဆုံးသတ်သွားပြီလေ… ဒီအချိန်မှာ ယီယွမ်က စူးရီရှန်းကို သတ်ဖြတ်ခဲ့တဲ့အကြောင်း ဝန်ခံလိုက်တာက စူးယူလင်ကဒီရန်ကြွေးကို ငရဲပြည်အဆုံးထိလိုက်ပြီး ပြန်ဆပ်လိမ့်မယ်… ယီမိသားစုက ဒီနေရာမှာ အပေါ်စီးနေရာကို ခဏလောက်ရောက်သွားခဲ့ပေမဲ့ ဒီနေရာကို စူးယူစင်းရောက်ရှိလာပြီဆိုရင် သူတို့အားလုံးက သေသွားရလိမ့်မယ်…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now