Chapter 273

1.5K 175 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၂ )

Chapter-10

“ထျန်းယွီ… ဒီနံပါတ် ၅၂က မိုးပြာရောင်ငှက်ယန်ဓားသိုင်းကို အသုံးပြုနေတာလား… အဲဒါက မိုးပြာရောင်ငှက်ယန်ဓားသိုင်းနဲ့ တူညီသလို ထင်ရပေမဲ့ သေချာကြည့်ရင် မတူတော့ဘူး…..” ထန်ယုအာ၏ လှပသော မျက်နှာလေးတွင် သံသယရိပ်များ အပြည့်ရှိနေခဲ့၏။

ထိုအချိန်တွင် ထျန်းယွီ၏ မျက်လုံးများကလည်း ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့သည်။

မိုးပြာရောင်ငှက်ယန်ဓားသိုင်းကို နားလည်သဘောပေါက်မှု အရာတွင် လူငယ်မျိုးဆက်၌ သူနှင့်အဆင့်တူသောသူ လုံးဝမရှိပေ။

ထိဝူကျိုးက လက်ရွေးစင်တပည့်များတွင် နံပါတ်တစ် တပည့်ဖြစ်သော်လည်း သူအထူးပြု လေ့ကျင့်သည်မှာ လက်သီးသိုင်းပညာရပ်များသာ ဖြစ်ပြီး အဖွဲ့၏ အခြေခံအုတ်မြစ်ဖြစ်သော မိုးပြာရောင်ငှက်ယန်ဓားသိုင်း မဟုတ်ပေ။

ကျင့်ကြံခြင်းစွမ်းရည်များအရ ကောင်းကင်ဘုံကိုးခု လျှောက်လမ်းမှ ပြန်ရောက်လာပြီးနောက် ထျန်းယွီက အမြဲတမ်း နံပါတ်တစ်ဖြစ်ပေ၏။

ကျင့်စဉ်နယ်ပယ် ကန့်သတ်ချက်များကြောင့် သူ၏ခွန်အားက လက်ရွေးစင်တပည့်များကို ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။

သို့ရာတွင် ယီယွမ်နှင့်ကျန်းကျင့်တို့၏ တိုက်ပွဲကို မြင်တွေ့လိုက်ရပြီးနောက် သူကအမှန်တကယ်ပင် အလွန်အမင်း အံ့အားသင့်ပြီး ရင်သပ်ရှုမောရမှုကို နက်ရှိုင်းစွာ
ခံစားလိုက်ရသည်။

ဤသို့သော ရင်သပ်ရှုမောရမှုက ကောင်းကင်ဘုံကိုးခု လျှောက်လမ်းတွင် နောက်ဆုံးဓားချက်ကို ရင်ဆိုင်ရချိန်ကဲ့သို့ ခံစားချက်မျိုးဖြစ်ပေ၏။

မဟုတ်ဘူး… ဒီဟာက အဲဒီနောက်ဆုံးဓားချက်ထက် အများကြီး ပိုပြီး လေးနက်သိမ်မွေ့တယ်…..

ဒီအရာက ယီယွမ်ညွှန်းဆိုခဲ့တဲ့ ကိုယ်နဲ့သင့်တော်တဲ့လမ်းကြောင်း လျှောက်လမ်းရတယ် ဆိုတာများ ဖြစ်နေမလား…..

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now