Chapter 217

1.5K 196 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၁၈ )

Chapter-217

“ငါကဘာလို့ထွက်ပြေးရမှာလဲ…..” နန်ဖိန်ရီက အေးဆေးစွာဖြင့် မေးမြန်းလိုက်၏။

“ဒါပေါ့… ငါကမင်းထက်ပိုပြီး ခွန်အားကြီးမားနေတာကြောင့်ပဲ… ဟားဟား…. ဒီအချိန်မျိုးရောက်နေတာကို မင်းရဲ့ပြည့်ရှင်မင်းရာထူးနေရာ စွန့်လွှတ်ဖို့ စိတ်ကူးမရှိသေးဘူးလား…..” အဖိုးကြီးက အပြုံးတစ်ခုဖြင့် မေးမြန်းလိုက်သည်။

“ဒီနေ့ဖြစ်ရပ်ကို မင်းတို့ညီအစ်ကိုသုံးယောက်က လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက ကြံစည်ထားခဲ့ကြမယ်လို့ မထင်ထားခဲ့ဘူး… စူးယူစင်း မင်းတို့ငနဲတွေက တကယ်ကို အကွက်ကျကျ စီမံထားခဲ့တာပဲ…..”

ဤအဖိုးကြီးက ထိတ်လန့်တုန်လှုပ်စရာကောင်းလောက်အောင်ပင် စူးယူလင်၏အစ်ကိုကြီးဖြစ်သော အဆင့်(3)စိတ်သလင်းဖြစ်တည်ခြင်းနယ်ပယ် ထူးချွန်သူ စူးယူစင်းပင်ဖြစ်၏။

“ဟားဟား… အရှင်မင်းကြီးက ကျွန်တော့်ကို မြှောက်စားနေတာပဲ… တကယ်လို့ ကျွန်တော်က ဟန်ဆောင်ပြီးသေဆုံးမပြခဲ့ရင် အရှင်မင်းကြီးက စူးမိသားစုကို အေးအေးချမ်းချမ်းနဲ့ အင်အားတောင့်တင်းစေတော့မှာလား…..” စူးယူစင်း၏မျက်နှာတွင် အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟူသော အကြည့်တစ်ခုရှိနေခဲ့သည်။

နန်ဖိန်ရီက ခေါင်းညိတ်၍ ပြောဆိုခဲ့၏။ “ပြောရမယ်ဆိုရင် စူးယူရှင်းက အိုးယန်မိသားစုကအကြီးအကဲနဲ့ လက်ထပ်ပြီးချိန်ကစပြီး ဒီနေ့လိုအခြေအနေမျိုးဖြစ်လာမယ်လို့ သတ်မှတ်ပြီးသွားခဲ့ပြီလေ… ဒါပေမဲ့ မင်းတို့က အရာအားလုံးကို တွက်ချက်ထားခဲ့တယ်ဆိုရင်တောင် ဒီနေ့ပြောင်းလဲမှုကို တွက်ချက်မထားခဲ့နိုင်လောက်ပါဘူး… ဟုတ်တယ်မလား…..”

နန်ဖိန်ရီက တည်ငြိမ်နေပြီး အေးအေးဆေးဆေး အမူအရာရှိနေခဲ့သော်လည်း သူ၏စကားများတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေခဲ့သည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now