Chapter 322

1.4K 178 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၆ )

Unicode

Chapter-3

"စိတ်ဝိညာဉ်ကျောက်စိမ်း....." ဟူသောနာမည်ကို ကြားလိုက်ချိန်တွင် လင်းချောင်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။

သို့သော် သူက အလျှော့မပေးဘဲ ပြောလိုက်သည်။ "ဟားဟား... ဂျူနီယာညီလေးယီ... မင်းပြောတဲ့စကားက ဘာအဓိပ္ပါယ်လဲဆိုတာ ငါမသိဘူး... စိတ်ဝိညာဉ်ကျောက်စိမ်း ဆိုတာက ဘာလဲ....."

ယီယွမ်၏ မျက်နှာက ရုတ်တရက် အပြုံးများ ပျောက်ကွယ်သွားပြီး စိမ်းစိမ်းကားကား ပြောဆိုခဲ့၏။ "စီနီယာအစ်ကိုလင်းက ကျွန်တော်တို့ကို အကာအကွယ်အဖြစ် အသုံးပြုပြီး ကိုယ့်ဘာသာ အကျိုးရှိအောင် လုပ်ဆောင်မလို့ ကြိုးစားနေတာလား... ခင်ဗျားရဲ့အကြံအစည်ကြောင့် ကျွန်တော်တို့က အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့တဲ့အပြင် ကျွန်တော့်ရဲ့ စီနီယာအစ်ကိုဖန်းက သူ့ရဲ့အသက်ကို ဆုံးရှုံးရလုနီးပါး ဖြစ်သွားခဲ့ရတယ်... ခင်ဗျားက ဒီကိစ္စကို ဒီလိုနဲ့ ပြီးသွားဖို့ စဉ်းစားနေတာ မဟုတ်ပါဘူးနော်....."

ငြိမ်သက်တိမ်တိုက်အဖွဲ့ လူအများက အတော်ကလေး အံ့အားသင့်နေခဲ့ကြပြီး ယီယွမ်နှင့် လင်းချောင်တို့က မည်သည့်အတွက်ကြောင့် အငြင်းပွားနေခဲ့ကြသည်ကို မသိခဲ့ကြပေ။

ယီယွမ်က သတိလစ်နေချိန်တွင် လင်းချောင်က မိန်ကျန်းနှင့် ဖန်းဝမ်နန်တို့ကို လေးလေးစားစားနှင့် ရက်ရက်ရောရော တောင်းပန်ခဲ့၍ နောက်ဆုံးတွင် သူတို့က နားလည်ပေးထားခဲ့ပြီး ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ခရမ်းနုရောင်စံအိမ်အဖွဲ့က လူထက်ဝက်ကျော် ဆုံးရှုံးခဲ့ရပြီး လူလေးယောက်သာ ကျန်ရှိနေခဲ့၏။

ဤသို့သော အခြေအနေမျိုးတွင် မည်သူဖြစ်နေပါစေ သူတို့က အခြားသူများကို အန္တရာယ်အတွင်းသို့ ဆွဲသွင်းရန် ရွေးချယ်လိုက်ကြသည်။

ထို့ပြင် လင်းချောင်နှင့် အခြားသူများက သဘာဝရတနာပစ္စည်း အများအပြားကို ငြိမ်သက်တိမ်တိုက်အဖွဲ့ အုပ်စုအား ပေးအပ်ခဲ့၍ နောက်ထပ် အငြင်းပွားခြင်းမပြုရန် သဘောတူခဲ့ကြပြီး ဖြစ်၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now