Chapter 288

1.4K 179 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၃ )

Chapter-11

ယီယွမ်ဆီမှ နောက်ဆုံးတိုက်ခိုက်မှုကို သူကမြင်လိုက်ချိန်တွင် ထျန်းယွီ၏နှလုံးသားထဲမှ အနိုင်ရရန် မျှော်လင့်ချက်မရှိတော့သည့် ခံစားချက်တစ်ခုက ထွက်ပေါ်လာခဲ့သည်။

ထျန်းယွီက သူ၏နောက်ဆုံးလက်ကျန် သဘာဝစွမ်းအင်ကို အသုံးပြု၍ ယီယွမ်နှင့် တိုက်ခိုက်ရန် စီစဉ်ထားခဲ့၏။ သို့သော် သူကဤတိုက်ခိုက်မှုကို မြင်လိုက်သောအခါ ချက်ချင်းပင် အဝေးသို့ ဆုတ်ခွာသွားခဲ့သည်။

သူ၏ နောက်ဆုံးလက်ကျန် သဘာဝစွမ်းအင်ကို အသုံးပြု၍  အမြန်နှုန်းကို မြှင့်တင်ပေးသော သိုင်းပညာရပ်ကို ထုတ်ဖော်ကာ အလွန့်အလွန် မြန်ဆန်စွာဖြင့် ရှောင်တိမ်းလိုက်ပေ၏။ 

ရွှစ်…..

ဓားအလင်းက ပါးစပ်မှထုတ်ပြော၍ မရသည်အထိ မြန်ဆန်လှပေ၏။ ထျန်းယွီ၏ ဆုံးဖြတ်ချက်က အနည်းငယ်မျှသာ စောသွားခဲ့သည်။

ထျန်းယွီ၏ခန္ဓာကိုယ်က မူလနေရာမှ ထွက်ခွာသွားသည်နှင့် ဓားအလင်းက သူ၏နားအနီးမှ ကပ်၍ဖြတ်ကျော်သွားခဲ့ကာ ဆံပင်အနည်းငယ်ကို ဖြတ်တောက်သွားခဲ့ပေ၏။

တစ်စက္ကန့်နောက်ကျသွားသည်နှင့် စောစောလေးကမှ အစစ်အမှန်အသိ၏ အခြေခံအဆင့်ကို နားလည်သဘောပေါက်ထားခဲ့သည့် ထိပ်တန်းဂျီးနီးယပ်မှာ ခေါင်းနှင့်ကိုယ် ကင်းကွာသွားရပြီး သေဆုံးသွားရပေလိမ့်မည်။

ထိုအကြောင်းအရာကို ပြောနေရသည်က နှေးကွေးသော်လည်း အရာအားလုံးက အမှန်တကယ်ပင် ချက်ချင်းဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

စောစောလေးက လူတိုင်းကြက်သီးများ ထသွားခဲ့ကြပြီး သူတို့၏ကျောတွင် ဇောချွေးများ ထွက်လာခဲ့သည်ကို ခံစားနေခဲ့ရ၏။ လူအများအပြားက လက်သီးဆုပ်၍ အံကိုတင်းတင်းကြိတ်ကာ သူတို့၏ အသက်ရှူမှုများကလည်း အစီအစဉ်မကျ ဖြစ်သွားခဲ့ပေသည်။

ဤဓားချက်က အလွန့်အလွန် အစွမ်းထက်လှပေ၏။

ထိုအရာက အင်အားပြည့်ဝစွာဖြင့် ဝင်ရောက်လာခြင်းကို ထိပ်တိုက်ရင်ဆိုင်မိလျှင် သေခြင်းတရား ရောက်ရှိလာမည်မှာ သေချာလှသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now