Chapter 338

1.4K 157 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၇ )

Unicode

Chapter-5

ယီယွမ်က ထိုသို့ပြောလိုက်သည်နှင့် အခြားအဖွဲ့ခြောက်ဖွဲ့မှ လူအများ၏ မျက်နှာများတွင် အလွန်ပျော်ရွှင်နေသည့်ဟန် ပေါ်ပေါက်နေခဲ့ပေသည်။

လက်ရှိအချိန်တွင် အဖွဲ့ကြီးရှစ်ဖွဲ့တွင် ကောင်းကင်ဘုံတိမ်တိုက် အဖွဲ့နှင့် ငြိမ်သက်တိမ်တိုက်
အဖွဲ့တို့၌သာ ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် အကြီးအကဲများ ကျန်ရှိနေခဲ့ပေ၏။ သူတို့အားလုံးက မည်သည့်အရာကိုမှ မရရှိနိုင်တော့ကြောင်း ထင်မြင်နေခဲ့ကြသည်။ သို့သော် ယီယွမ်က စာနာထောက်ထားတတ်သော နှလုံးသားရှိပြီး သူတို့ကို ခွဲဝေပေးလိုစိတ် ရှိနေမည်ဟု သူတို့က ထင်မှတ်မထားခဲ့ကြပေ။

သူတို့က ပျော်ရွှင်သွားကြချိန်တွင် ဝူကျောက်က မကျေမနပ်ဖြင့် ပြောဆိုလိုက်၏။ "ဘယ်လိုလုပ်ပြီး အဲဒီလိုလုပ်ရမှာလဲ… ဒီလိုပုံစံမျိုးဆိုရင် သူတို့က ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ရတနာအချို့ ရရှိသွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲ… ဒါဆိုရင် ငါတို့က အဲဒီအတွက် ဝေစုမရတော့ဘူး မဟုတ်လား….."

အဖွဲ့ခြောက်ဖွဲ့က ဝူကျောက်နှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေခဲ့ကြပြီး ဖြစ်သည်။ သူက ထိုသို့ပြောလိုက်သည်နှင့် လူတိုင်းက သူ၏ ဘိုးဘေးများကို တိုင်တည်ပြီး စိတ်ထဲမှ ဆဲရေးတိုင်းထွာ နေခဲ့ကြပြီးဖြစ်၏။

ယီယွမ်က သူ၏ပခုံးကို တွန့်၍ ပြောဆိုလိုက်သည်။ "အကြီးအကဲဝူက သဘောမတူဘူးဆိုရင် ခင်ဗျားရဲ့ အမြင်ကိုလည်း ပြောပါဦး….."

ဝူကျောက်က ကပျာကယာပင် ပြောခဲ့၏။ "ငါတို့အဖွဲ့နှစ်ဖွဲ့မှာပဲ ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ်တွေ ကျန်ရှိနေတော့တာဆိုတော့ ရတနာတွေကို ငါတို့ပဲ ခွဲယူလိုက်ကြမယ်လေ… ငါ့ရဲ့အမြင်အရတော့ ရတနာတွေကို ပင်လယ်အသွင်
ပြောင်းလဲခြင်းနယ်ပယ် အရေအတွက်နဲ့ ခွဲယူကြရအောင်….." 

ဝူကျောက်က ထိုသို့ပြောလိုက်သည်နှင့် အဖွဲ့ခြောက်ဖွဲ့မှ တပည့်အားလုံး၏ မေတ္တာပို့သခြင်း ခံနေခဲ့ရပြီ ဖြစ်သည်။ သို့ရာတွင် လက်ရှိအချိန်၌ သူတို့အဖွဲ့များတွင် ပင်လယ်အသွင် ပြောင်းလဲခြင်းနယ်ပယ် အကြီးအကဲများ တစ်ယောက်တစ်လေမှ မရှိကြတော့ပေ။ သူတို့က ဒေါသထွက်ရဲကြသော်လည်း အသံလုံးဝမပြုရဲခဲ့ကြပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now