Chapter 238

1.5K 184 1
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၀ )

Chapter-2

"ဆရာက အတွေ့အကြုံရှာဖို့အတွက် လောကကြီးကို လှည့်လှည်သွားဖို့ရာ ထွက်ခွာသွားခဲ့ပါပြီ....." ယီယွမ်က ဆင်ခြေဟောင်းကြီးကို ဆက်လက်ဆုပ်ကိုင်ထားခဲ့ပေသေးသည်။

အိုးရန်မင်က လျှိုချင်ဖန်၏ အပြစ်တင်ခြင်းကို ခံလိုက်ရသော်လည်း သူပြောသည်က မှားယွင်းခြင်းမရှိပေ။

သူတို့၏ဆရာအဖြစ် သတ်မှတ်ထားပြီး ဆရာ၏အမည်ကို မသိရှိကြသောသူက မည်သူရှိနိုင်မည်နည်း။

ထို့ပြင် ယီယွမ်က သူ၏ဆရာမှာ လောကတစ်ခွင် လှည့်လည်သွားလာရန် ထွက်ခွာသွားပြီဟု ပြောလိုက်၏။ သက်သေပြစရာ သက်သေခံတစ်ဦးမှ မရှိတော့ပေ။

သူတို့၏ စိတ်ထဲတွင် ယီယွမ်က အခြေအမြစ်မရှိသော စကားများပြောဆိုနေသည်ဟု ခံစားနေရသူ အများအပြား ရှိလာခဲ့ကြသည်။

လျှိုချင်ဖန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့ပြီး ပြောလိုက်၏။ "ငါသိထားသလောက်ဆိုရင် လွန်ခဲ့တဲ့ လအနည်းငယ်လောက်ရဲ့အရင် မင်းကနာမည်ကျော်ကြားခြင်းမရှိသေးဘူး... ဒါပေမဲ လအနည်းငယ်အတွင်း မင်းကရုတ်တရက် အမြင့်ကိုထိုးတက်လာခဲ့တယ်... မင်းရဲ့ဆရာက မင်းကိုလအနည်းငယ်လောက်ပဲ သင်ပေးပြီး မင်းကငြိမ်သက်တိမ်တိုက်အဖွဲ့ကို ရောက်လညတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ လောကတစ်ခွင် လှည့်လည်သွားလာဖို့ ထွက်သွားခဲ့ပြီလို့ ဆိုလိုတာလား....."

လျှိုချင်ဖန်က ယီယွမ်၏ အဆင့်မြင့်တက်လာမှု အတွေ့အကြုံများကို ကောင်းစွာသိရှိထားခဲ့ပေသည်။

ယီယွမ်က အကြောင်းပြချက်တစ်ခုကို အစောကြီးကတည်းက ပြင်ဆင်ထားခဲ့၏။ သူကသူ့ဖခင် ယီဟန်ကို ပြောပြခဲ့သော မုသားတစ်ခုကို လျှိုချင်ဖန်အား နောက်တစ်ကြိမ် ထပ်မံပြောပြလိုက်သည်။

သူကဤသို့ ပြောပြခြင်းက အကြောင်းရင်းရှိပေ၏။

သူပြောပြခဲ့သော သူ၏အိပ်မက်ထဲမှ ဆရာသမားအကြောင်းက အတော်ကလေး အဓိပ္ပါယ်မရှိသည့် ဖြစ်ရပ်တစ်ခုဖြစ်သော်လည်း အဖွဲ့က သူ၏ဆရာရှိနေသည်ဟု ယုံကြည်သွားသည်နှင့် ထိုအရာက ယီယွမ်၏ အကြီးမားဆုံး အကာအကွယ်တစ်ခုဖြစ်သွားပေလိမ့်မည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now