Chapter 295

1.6K 178 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၄ )

Chapter-4

ယီယွမ်၏ အဆင့်(3) ဝိညာဉ်စုစည်းခြင်းဝင်္ကပါက အစွမ်းထက်သော်လည်း ထိုဝင်္ကပါက ဤမျှလောက်အထိ များပြားသော သဘာဝစွမ်းအင် ပမာဏကို စုစည်းနိုင်စွမ်း မရှိပေ။ 

ဤသို့အခြေအနေမျိုးအထိ ဖြစ်လာခဲ့ရသော အကြောင်းရင်းမှာ ယီယွမ်က ခွန်အားအနည်းငယ်ထုတ်ပြီး ကြီးမားသောအရာကို မ,သကဲ့သို့ လှည့်ပြောင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ လူနှစ်ယောက်၏ သဘာဝစွမ်းအင် မုန်တိုင်းများကို အခြေခံ၍ အသုံးပြုခြင်းကြောင့် ထိုဝင်္ကပါက နှစ်ယောက်စလုံး၏ သဘာဝစွမ်းအင် မုန်တိုင်းများကို အကန့်အသတ်မရှိ ချဲ့ထွင်အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်၏။

ယီယွမ်က မည်မျှပင် အစွမ်းထက်စေကာမူ သူက စိတ်ဝိညာဉ် ဖွဲ့စည်းဖြင်းနယ်ပယ် တစ်ယောက်သာ ဖြစ်သည်။ အကယ်၍ သူကသာ သူတို့နှစ်ယောက်၏ သဘာဝစွမ်းအင် မုန်တိုင်းများကို အခြေခံအဖြစ် အသုံးမပြုခဲ့ပါက အချင်းဝက် ၁၀မိုင်ရှိသော သဘာဝစွမ်းအင်များကို မည်သည့်အတွက် သန့်စင်သွားအောင် လုပ်ဆောင်နိုင်မည်နည်း။

လီကျန်းယုက သူ၏လည်ချောင်းထဲမှ လတ်ဆတ်သော သွေးအရသာကို နောက်တစ်ကြိမ် ထပ်မံခံစားလိုက်ရ၏။ ဆေးစွမ်းအင်ဖြင့် ထိန်းချုပ်ထားခဲ့သော အတွင်းဒဏ်ရာများက ပြန်လည်ထကြွလာခဲ့၍ သူကသွေးတစ်လုပ် အန်ထုတ်လုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူကထိုအရာကို ထိန်းချုပ်သွားနိုင်ခဲ့၏။

“လီကျန်းယုက ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့ကနေ ရောက်လာတဲ့ မြင့်မြတ်တဲ့ ဧည့်သည်တော် တစ်ယောက်ပဲ… သူက အဖွဲ့ကြီးတစ်ဖွဲ့ရဲ့ တပည့်ဖြစ်နေလို့ အခြားသူတွေကို ကူညီပေးရတာနဲ့ နေသားကျနေခဲ့ပြီ…..” လျှိုချင်ဖန်က နောက်ထပ် ရှုထောင့်တစ်ခုမှနေ၍ ဖြည့်စွက်ထိုးနှက်လိုက်ပေသည်။

“ကောင်းကင်ဘုံတိမ်တိုက်အဖွဲ့… ဟုတ်လား…..” ယီယွမ်က ခေါင်းရှုပ်သွားခဲ့ပုံရပေ၏။ သူကထိုနာမည်ကို ဤအချိန်မတိုင်မီက မကြားဖူးခဲ့သည်မှာ သိသာလှပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now