Unicode
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
စာစဉ် (27)
Chapter-1
ယီယွမ်က စကားပြောနေချိန်တွင် အထင်သေးနေမှုများက လီကျန်းယု၏ မျက်နှာတွင် ပေါ်လွင်နေခဲ့၏။
သို့သော် ချက်ချင်းပင် သူ၏မျက်လုံးများက မှုန်ဝါးသွားခဲ့သည်။ ဓား၁၈လက် ရုပ်သေးများက သူ၏ရှေ့တွင် ထွက်ပေါ်လာခဲ့၏။
လီကျန်းယု၏မျက်နှာမှ အမူအရာများက အလွန်စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။ ထိုအထင်သေးနေသော အကြည့်များက တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ထို့နောက် သူ၏မျက်နှာက မီးလောင်ကျွမ်းနေသလို ပူလောင်နေကြောင်း လီကျန်းယုက သတိထားမိသွားခဲ့သည်။
ကြည့်နေစရာပင် မလိုအပ်ဘဲ သူ၏မျက်နှာက ယခုအချိန်တွင် ပန်းသီးတစ်လုံးကဲ့သို့ ရဲတွတ်နေမည်မှာ သေချာလှပေ၏။
စောစောလေးက သူမည်သို့ ပြောခဲ့သနည်း။
ထူးဆန်းတဲ့နည်းလမ်းတွေက အသာစီးရယူနိုင်မှာ မဟုတ်ဘူး….. ယီယွမ်ကို သူ၏ခွန်အား စမ်းသပ်ရန်
ပြောကြားခဲ့ခြင်း…..သူ၏မျက်စိရှေ့မှောက်တွင် ရုပ်သေးရုပ် ၁၈ရုပ် ရှိနေခဲ့သည်။ ရုပ်သေးရုပ် တစ်ရုပ်စီ၏ ခွန်အားက သူ၏ခွန်အားအောက်သို့ နိမ့်ကျခြင်းမရှိပေ။
ထိုရုပ်သေးရုပ်များနှင့် ရင်ဆိုင်ရာတွင် တစ်ရုပ် သို့မဟုတ် နှစ်ရုပ်ဆိုပါက ပြဿနာမရှိသေးပေ။ တစ်ကြိမ်တည်းဖြင့် ၁၈ရုပ်စလုံးကို ရင်ဆိုင်ရမည်ဆိုလျှင် သူ့ကို ဝက်ခေါင်းအဖြစ် ရိုက်နှက်သွားနိုင်မည်မှာ သေချာလှပေ၏။
ဤဓားရုပ်သေးများက ထူးဆန်းသောနည်းလမ်း တစ်ခုနှင့် ဆက်စပ်နေသည်မှာ အလွန်ထင်ရှားလှသည်။ သို့သော် ဤထူးဆန်းသော နည်းလမ်းက သူ့ထက် အလွန်အင်အားကြီးနေခဲ့၏။
စောစောလေးက ယီယွမ်ကို လီကျန်းယုက ပြောကြားခဲ့သော စကားများက လက်ရှိအချိန်တွင် သူ၏မျက်နှာကို သူကိုယ်တိုင် ရိုက်နှက်မိသည်နှင့် တူနေခဲ့ပေသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...